• Follow Us on

Home ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံဆော်ရေးသားမှုများကိုစိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများပုံမှန်ရယူသုံးစွဲနိုင်ကြောင်း အသိပေးကြေညာ

ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံဆော်ရေးသားမှုများကိုစိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများပုံမှန်ရယူသုံးစွဲနိုင်ကြောင်း အသိပေးကြေညာ

Share this post

နေပြည်တော်၊ ဇွန် ၅

 

ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံဆော်ရေးသားမှုများကို စိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင်ပါကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲ လျက်ရှိပါသည်။ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုးလက်ခံပြီး၊ နိုင်ငံတော်၏ စီးပွားရေးအတွက် အရေးကြီး ကဏ္ဍများကို ချေးငွေအမျိုးမျိုးထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSMEs လုပ်ငန်းများကို ငွေကြေး ထောက်ပံ့ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများဆောင်ရွက်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

ယခုအခါ နိုင်ငံတော်စီးပွါးရေးဖွံဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်သမားမီဒီယာများနှင့် အဖျက်သမား အုပ်စုသည် Facebook Page များဖြစ်သော Yan Paing Soe ၊ Dean Kyne အပါအဝင် လူမှုကွန်ယက် စာမျက်နှာများတွင် မကြာခဏမဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး နိုင်ငံ့စီးပွားရေးနှင့် ငွေကြေးတည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုဆော်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း တွေ့ရှိရပါသည်။ ထိုသိုအဖျက်သမားများက အစိုးရနှင့်အများ ပြည်သူအကျိုးစီးပွားထိခိုက်စေရန်ရည်ရွယ်၍ မကြာခဏရေး သားဖြန့်ဝေနေသော လူမှုကွန်ယက် စာမျက်နှာများကို လက်ခံယုံကြည်ခြင်းမရှိရန်နှင့် စိုးရိမ်ပူပန်စရာ မလိုကြောင်း၊ ပြည်သူများက ဝိုင်းဝန်းတိုက်ဖျက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

သိုပါ၍ ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုဆော်ရေးသားမှုများကို စိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ် ယုံကြည်စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင်ပါကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာအပ်ထားသည်။

 

#PeopleMedia


Share this post