ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်များက မှန်မှန်ကန်ကန် ဆောင်ရွက်စေရေး တိုင်း၊ ခရိုင်အဆင့်များက စနစ်တကျတာဝန်ပေးကြီးကြပ်ရန် ဗိုလ်ချူပ်ကြီးတင်အောင်ဆန်း မှာကြား

PUBLISHED - May 21, 2024
နေပြည်တော်၊ မေ ၂၁
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်များက မှန်မှန်ကန်ကန် ဆောင်ရွက်စေရေး တိုင်း၊ ခရိုင်အဆင့်များက စနစ်တကျ တာဝန်ပေးကြီးကြပ်ရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မှာကြား လိုက်သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြင်ဆင်သင့်သည်များကို ပြင်ဆင်၍ရေးဆွဲထားသည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း)ကို ရေးထုံးရေးနည်း စိစစ်ရန်နှင့် ဥပဒေကြောင်းအရ သဘော ထားပြန်ကြားပေးရန် ဥပဒေရေးရာဝန်ကြီးဌာနသို့ပေးပို့ခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာနမှ ဖြည့်စွက်ပြင်ဆင်ချက်၊ သဘောထားမှတ်ချက်များနှင့်အတူ ပြန်ကြားခဲ့ကြောင်း၊ ယင်းပြန်ကြားလာမှုအပေါ် စံပြုလုပ်ထုံးလုပ်နည်းပြုစု ရေးဆွဲရေးနှင့် နည်းဥပဒေပြုစုရေးဆွဲရေး အလုပ်အဖွဲ့က အစည်းအဝေးခေါ်ယူပြီး ပြင်ဆင်ချက်/ ဖြည့်စွက် ချက်များနှင့်အတူ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း)ကို ထပ်မံပြုစုရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း ပြော သည်။
နည်းဥပဒေ(စတုတ္ထမူကြမ်း)နှင့်ပတ်သက်၍ ဆွေးနွေးချက်များ၊ အကြံပြုချက်များရှိပါက ဝိုင်းဝန်းဆွေးနွေးပေး ကြရန်နှင့် ဆွေးနွေးချက်၊ အကြံပြုချက်များကို ဆောလျင်စွာ ပေးပို့ပေးရန် ပြောကြားလိုကြောင်း၊ ပေးပို့လာ သည့် အကြံပြုချက်များအပေါ် ပြင်ဆင်/ ဖြည့်စွက်သင့်သည်များကို ပြင်ဆင်/ ဖြည့်စွက်၍ ဥပဒေရေးရာဝန်ကြီး ဌာနသို့ ရေးထုံးများ စိစစ်ရန်နှင့် သဘောထားမှတ်ချက်များ ပြန်ကြားပေးရန် ထပ်မံပေးပို့သွားရမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ရေးထုံးများစိစစ်ပြီး အကြံပြုချက်များဖြင့် သဘောထားမှတ်ချက်ပြန်ကြားလာပါက ပြင်ဆင်ဖြည့်စွက်၍ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီမှတစ်ဆင့် ပြည် ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြပြီး အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတင် အောင်စန်းက ပြောသည်။
ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယခင်ဖွင့်လှစ်ခဲ့သည့် အပါတ်စဉ်များ၌ တွေ့ကြုံခဲ့သည့် အတွေ့အကြုံအရ လျာထားချက်ပြည့်မီရေးဆောင်ရွက်ရာတွင် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး အစားထိုးဖြည့်တင်းမှုများရှိခဲ့ကြောင်း၊ ထိုသို့ဖြည့်တင်းရာတွင် SOP ပုံစံများ ပြည့်စုံစွာ တင်ပြမှုမရှိသည့်အတွက် စာရင်းကွဲလွဲမှုများ၊ စာရင်းတိုက်ဆိုင် စစ်ဆေးရာတွင် အချိန်ပေးဆောင်ရွက်ရခြင်းများ ကြုံတွေ့ခဲ့ရကြောင်း၊ ယင်းအတွေ့အကြုံများကို မူတည်၍ လာမည့်အပါတ်စဉ်များတွင် စနစ်တကျ စီမံဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် သတ်မှတ် Time Frame အတွင်းဝင်အောင် Check List နှင့် ဆောင်ရွက်ရန် လိုအပ်ပြီး အခက်အခဲရှိပါက ဝန်ကြီးချုပ်များထံ တင်ပြကြ ရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်များက မှန်မှန် ကန်ကန်ဆောင်ရွက်စေရေး တိုင်း၊ ခရိုင်အဆင့်များက စနစ်တကျ တာဝန်ပေးကြီးကြပ်ရန် မှာကြားလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် နိုင်ငံသား/ ဧည့်နိုင်ငံသား/ပြုနိုင်ငံ သားမဟုတ်သူများကို ပြည်သူ့စစ်မှုထမ်းရွေးချယ်ခြင်းမပြုရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူစစ်မှု ထမ်းအပါတ်စဉ် (၂) ခုကို အောင်မြင်စွာဖွင့်လှစ်နိုင်အောင် စီမံဆောင်ရွက်ပေးကြသည့် နေပြည်တောကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်း၊ ယခင်ဖွင့် လှစ်ခဲ့သည့် အပတ်စဉ်များအတွက် ပြည်သူ့စစ်မှုထမ်းရန်ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူများ အားလုံးကို တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အပါတ်စဉ်(၃)ကို လျာထား ချက်ပြည့်မီစွာဖြင့် ဖွင့်လှစ်နိုင်ရေးကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
#PeopleMedia