• Follow Us on

Home ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

Share this post

နေပြည်တော်၊ ဇွန် ၂၆

 

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃) တွင် ပါဝင်တက်ရောက်ကြမည့်သူများသည် သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်း ကျောင်းအသီးသီးတွင် သင်တန်းဖွင့်ပွဲများ ပြုလုပ်ခဲ့သည်။

 

အဆိုပါ သင်တန်းကျောင်းများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃) မှသင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းသားများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

 

“အမှတ်စဉ်(၂) မှာ စာရင်းသွားပေးတယ်။ ဒါပေမယ့် လူစာရင်းပြည့်သွားတဲ့အတွက် ကျွန်တော်တက်ရောက် ခွင့်မရခဲ့တာပါ။ အမှတ်စဉ်(၃) မှာ ကျွန်တော့်ဆန္ဒနဲ့ ကျွန်တော်ဝင်လာခဲ့တာပါ။ ကျွန်တော်တို့ဘာသာ၊ သာသနာ ကာကွယ်ဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အဲတာကြောင့်မလို့ ကျွန်တော်တို့ အခုလို သင်တန်း တက်ရောက်လာတာပါ။ နောက်လာတက်မယ့် အမှတ်စဉ်တွေက ညီကိုမောင်နှမများကိုလည်း ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်” ဟု သင်တန်းသားတစ်ဦးက ပြောသည်။

 

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) နှင့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂) တို့ကို   တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

 

#PeopleMedia


Share this post