ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားများ ကျင်းပ
PUBLISHED - June 29, 2024
နေပြည်တော်၊ ဇွန် ၂၉
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင် ထမ်းဆောင်နိုင်ရေးအတွက် မိမိသဘော ဆန္ဒအလျောက်စာရင်းပေးသွင်းပြီး သင်တန်းတက် ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားများကို ယမန်နေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်း များအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်း အနားများသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ကြကာ ကတိသစ္စာခံယူ ခြင်းကို ဆောင်ရွက်သည်။
“စစ်သင်တန်းပြီးဆုံးသွားခဲ့ပါပြီ ကျွန်တော်အခုဆိုရင် ပြည်သူ့စစ်မူထမ်းရဲ့ အဆင့်မြင့် အခြေခံစစ်ပညာတွေ အကုန်လုံးကို တက်မြောက်ပြီးသွားပါပြီ၊ကျွန်တော်တို့ ၂ နှစ် တာတာဝန်ထမ်းဆောင်တဲ့အချိန်မှာလည်း အကောင်းဆုံးပေးဆပ်ပြီးတော့ တာဝန်ထမ်းဆောင်သွားမှာပါ၊ ၂ နှစ်တာတာဝန်ပြီးဆုံးသွားတဲ့အချိန်မှာလည်း တပ်မတော်လိုအပ်လာခဲ့လျှင် နိုင်ငံလူမျိုးအတွက် အချိန်မရွေးအသက်စွန့်ပြီးတော့ ကာကွယ်စောင့်ရှောက်သွား ဖို့ ကျွန်တော်စဉ်စားထာပါတယ်။” ဟု သင်တန်းဆင်း စစ်သည်တစ်ဦးက ပြောသည်။
ထို့နောက် သက်ဆိုင်ရာ သင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဆင်းထူးချွန်ဆုများဖြစ် သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက် ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်း ကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြ ဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာ ရပ်များကို လည်းကောင်း၊ စစ်နည်းဗျူဟာဘာသာရပ်တွင်ပါဝင်သည့် ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ အဖွဲ့ အလိုက်၊ တပ်စိတ်အလိုက်လေ့ကျင့်ခြင်း၊ ချီတက်မှုလေ့ကျင့်ခြင်း၊ အထူးစစ်နည်းဗျူဟာ၊ စစ်ဘက်ရေးရာ လုံခြုံရေး၊ ချေမှုန်းရေးလေ့ကျင့်ခန်း စသည့်သင်ခန်းစာများကို လည်း ကောင်း စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားလေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာရပ်နှင့် အထွေ ထွေဘာသာရပ်များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
#PeopleMedia