ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲများအား ကျင်းပ
PUBLISHED - August 6, 2024
နေပြည်တော်၊ သြဂုတ် ၆
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါသင်တန်း ကျောင်းအသီးသီး၌ သင်တန်း ဖွင့်ပွဲများပြုလုပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းကျောင်းများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄)မှ သင်တန်းသား များအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ သည်။
“ကျွန်တော်ဒီလိုတပ်မတော်ထဲကိုဝင်ရတဲ့ခံယူချက်ကတော့ ကျွန်တော်တို့ရဲ့နိုင်ငံဟာ အခုဆိုရင် ပြည်ပ ရန်ကော၊ ပြည်တွင်းကသောင်ကြမ်းသူကော အမြင်မတူတဲ့လှုပ်ရှားသူတွေနဲ့ ဆူပူနေတဲ့အချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့က ကိုယ့်အိမ်မှာကိုယ်နေပြီးတော့မှ ဒီအတိုင်းကြီး ထိုင်နေမည့်အတူတူ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေပြီးတော့ တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော်ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။” ဟု ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄)မှ သင်တန်းသားတစ်ဦးက ပြောသည်။
နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်မှ စတင်၍ ဖွင့်လှစ် သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄)ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
#PeopleMedia