• Follow Us on

Home ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲများအား တိုင်းစစ်ဌာနချုပ်များအလိုက်ကျင်းပ

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲများအား တိုင်းစစ်ဌာနချုပ်များအလိုက်ကျင်းပ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၆

 

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးတွင် ကျင်းပခဲ့သည်။

 

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၄) ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာ ရပ်များကိုလည်းကောင်း၊ စစ်နည်းဗျူဟာဘာသာရပ်ကိုလည်းကောင်း စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားလေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေးဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့်လေ့ကျင့်သင်ကြားခဲ့သည်။

 

နိုင်ငံသားတိုင်း ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန် အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာ ကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြ သည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

 

#PeopleMedia


Share this post