ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပ

PUBLISHED - February 18, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲများကို ယမန်နေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ် ဧပြီ ၈ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
#PeopleMedia