• Follow Us on
Latest News

Home ပြည်သူ့စစ်မှုထမ်းသတင်တန်းများ လေ့ကျင့်သင်ကြားပေးနိုင်မည့်သင်တန်းကျောင်းများကို စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းကပြောကြား

ပြည်သူ့စစ်မှုထမ်းသတင်တန်းများ လေ့ကျင့်သင်ကြားပေးနိုင်မည့်သင်တန်းကျောင်းများကို စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းကပြောကြား

Share this post

နေပြည်တော်၊ မတ် ၅

 

ပြည်သူ့စစ်မှုထမ်းသင်တန်းများ လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျာထားစီစဉ်ဆောင် ရွက်ထားပြီးဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြော သည်။

 

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည်။

 

ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (SOP)ပြုစုရေးဆွဲရေးနှင့် နည်းဥပဒေပြုစုရေးဆွဲရေး အလုပ်အဖွဲ့ကို စစ်ဥပဒေချုပ်ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယင်းအလုပ် အဖွဲ့အနေဖြင့် နည်းဥပဒေရေးဆွဲရေး အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နည်းဥပဒေ တတိယအကြိမ်မူကြမ်းကို ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ စံပြုလုပ်ထုံးလုပ်နည်း (SOP)ကိုလည်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရေးဆွဲ ထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

 

ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းများ လေ့ကျင့်ရေးအလုပ်အဖွဲ့အနေဖြင့် သတင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျာထားစီစဉ် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် စပ်လျဉ်း၍ ပြည်သူလူထုအတွင်း ထင်ယောင် ထင်မှားမဖြစ်စေရေးနှင့် သတင်းမှန်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက် အလက်များကို ၂၀၂၄ ခုှစ် ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ Mobile Operator လေးခုမှ တစ်ဆင့် Short Message Service (SMS)များ ပေးပို့ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင် စောင်ရေတစ်သိန်းအား တိုင်း၊ ပြည်နယ်များမှတစ်ဆင့် ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အချို့သော တိုင်း၊ ပြည်နယ်များတွင် ယင်းတို့ အစီအစဉ်ဖြင့် အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ ကြောင်း ပြောကြားသည်။

 

#PeopleMedia


Share this post