• Follow Us on

Home ပြည်သူ့စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ရာတွင် အားလုံးကိုတစ်ချိန်တည်းတစ်ပြိုင်တည်းခေါ်ယူမည်မဟုတ်ဘဲ လူဦးရေ ပေါ်မူတည်၍ အချိုးအစားအလိုက်ခေါ်ယူသည့်စနစ်ကိုကျင့်သုံးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပြောကြား

ပြည်သူ့စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ရာတွင် အားလုံးကိုတစ်ချိန်တည်းတစ်ပြိုင်တည်းခေါ်ယူမည်မဟုတ်ဘဲ လူဦးရေ ပေါ်မူတည်၍ အချိုးအစားအလိုက်ခေါ်ယူသည့်စနစ်ကိုကျင့်သုံးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

ပြည်သူ့စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကိုတစ်ချိန်တည်း တစ်ပြိုင် တည်း ခေါ်ယူမည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို ယမန်နေ့တွင် နေပြည် တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက တိုင်းဒေသကြီး၊ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များအနေ နှင့် ခရိုင်၊ မြို့နယ်အဖွဲ့များကို ဆက်လက်ဖွဲ့စည်းသွားရမည်ဖြစ်ပြီး ဖွဲ့စည်းမှုပြီးပါက မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သည် စစ်မှုထမ်းဆောင်ရမည့် အရွယ်ရောက်သူ နိုင်ငံသားတိုင်းအားဆင့် ခေါ်ခြင်း၊ မှတ်ပုံတင်ထားခြင်းတို့ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသူများ အား ဆင့်ခေါ်၍ ဆေးစစ်ဆေးခြင်းကို တပ်မတော်ဆေး စစ်ဆေးခြင်းဘုတ်အဖွဲ့ဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်သူ့စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခြင်းခံရသူ၏ လျှောက်လွှာအပေါ်စိစစ်ချက်နှင့် တပ်မတော် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သဘောထားမှတ်ချက်တို့ကို ခရိုင်အဖွဲ့၊ တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြပြီး ၎င်းမှတဆင့် ဗဟိုအဖွဲ့သို့ ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း ပြောသည်။

 

ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုး သမီးများအပြင် အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်းပါဝင်ပါကြောင်း၊ ကိုယ်လက်အင်္ဂါ တစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲ တမ်းမသင့်မလျော် သူဖြစ်ကြောင်း သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများသည် စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်မည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြောသည်။

 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက လက်ရှိ မိမိတို့နိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံး ဝင်နိုင်သည့် လူဦးရေမှာ (၁၃)သန်းခန့်ရှိသည်ဟု သိရှိရကြောင်း၊ ပြည်သူ့စစ်မှုထမ်းအဖြစ် ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကိုတစ်ချိန်တည်း တစ်ပြိုင် တည်း ခေါ်ယူမည်မဟုတ်ဘဲ နေရာဒေသ အလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့်စနစ်ကို ကျင့်သုံးသွားမည် ဖြစ်ပါကြောင်း၊ သင်တန်း တစ်ပတ်စဉ်တွင် ရပ်ကွက်တစ်ခု ကျေးရွာတစ်ခုမှ အများဆုံးပါဝင်နိုင်မည့် အရေ အတွက်မှာ တစ်ဦး၊ နှစ်ဦးထက်ပိုနိုင်မည်မဟုတ်ကြောင်း၊ အကျုံးဝင်သူများအနက် နှစ်စဉ်တက်ရောက်ရ မည့်အရေအတွက်မှာ ၁ ရာခိုင်နှုန်းအောက်ပင်ရှိပါကြောင်းကိုလည်း ပြောကြားလိုကြောင်း ပြောသည်။

 

Time Frame နှင့် Guide Line များကို ချထားပေးပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်း အလိုက် အဆင့်ဆင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်ထားသောအချိန်ကာလအတွင်း ပြီးမြောက် အောင် မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ကြရန်လည်းလိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲရမည့် ကိစ္စရပ်များ ရှိလာနိုင်သည့်အတွက် ကြိုတင် တွက်ချက်ထားရန် လိုအပ်ပါကြောင်း၊ သတင်းထုတ်ပြန်မှုအပိုင်း များတွင်လည်း ပြည်သူလူထု အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး တယ်လီဖုန်းအော်ပရေတာများမှ တဆင့် မက်ဆေ့ချ်များ ပေးပို့ဆောင်ရွက်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြော ကြားခဲ့သည်။

 

#PeopleMedia


Share this post