ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မဟုတ်မမှန်သတင်းတု၊ သတင်းမှားများရေးသားဖော်ပြနေသည့် အတွက် ဝန်ထမ်းများအနေဖြင့် အယုံမလွယ်ရန် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးပြောကြား
PUBLISHED - April 10, 2024
နေပြည်တော်၊ ဧပြီ ၁၀
လူမှုကွန်ရက်စာမျက်နှာများနှင့် အဖျက်အမှောင့် မီဒီယာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ရေးသားဖော်ပြနေသည့်အတွက် ဝန်ထမ်းများအနေဖြင့် အယုံ မလွယ်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်း ဝန်ထမ်းများ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ကင်းလွတ်ခွင့်ရရှိသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်း ဆောင်ရမည့် အသက်အပိုင်းအခြားများ၊ စစ်မှုထမ်းကာလ၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်တို့ကို ဝန်ထမ်း များသိရှိရန် ရှင်းလင်းချပြသွားမည် ဖြစ်ကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများနှင့် အဖျက်အမှောင့် မီဒီယာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ရေးသား ဖော်ပြနေသည့်အတွက် ဝန်ထမ်းများအနေဖြင့် အယုံမလွယ်စေရေး ဥပဒေပါအချက်အလက်များ၊ ပြဌာန်း ချက်များကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ သိရှိရန်လိုအပ်ကြောင်း ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အခြေအနေကိုနည်း အမျိုးမျိုးဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေပြီး နှောင့်ယှက်ဆောင်ရွက်ခြင်းများ ရှိသည့် အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနိုင်ကြောင်း၊ မိမိပတ်ဝန်းကျင်ရှိ ပြည်သူများ သိရှိ လိုက်နာနိုင်ရေးအတွက် စစ်မှုထမ်းဥပဒေပါ ရည်ရွယ်ချက်များ၊ ပြဌာန်းချက်များကို လက်ဆင့်ကမ်းမျှဝေပေး ခြင်းဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာထမ်းဆောင်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားသည်။
#PeopleMedia