ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲများအား သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်နယ်မြေ များတွင်ပြုလုပ်
PUBLISHED - September 10, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၀
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅)တွင် ဖွင့်ပွဲများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) မှ သင်တန်းသား များအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ ကြသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့ စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
#PeopleMedia