ပြည်သူ့ပါတီကိုနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာ
PUBLISHED - December 30, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၃၀
ဦးကိုကိုကြီးဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်သူ့ပါတီ(People’s Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းမ၊ မဟာဗန္ဓုလအိမ်ရာ၊ အမှတ် (၆၂)၊ တိုက် (ဒီ)၊ (၉) လွှာ၊ အခန်း (၉၀၂) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်သူ့ပါတီ (People’s Party) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြု ကြောင်း ကြေညာလိုက်သည်။
ပြည်သူ့ပါတီ (People’s Party) ၏ မှတ်ပုံတင်အမှတ်မှာ (၄၇) ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ပါတီကို ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် မှတ်ပုံတင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။
#PeopleMedia