• Follow Us on

Home ပြည်သူ့ပါတီရုံးခွဲမဖွင့်ရသေးတဲ့ကိစ္စနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုတွေကို ရွေးကောက်ပွဲကော်မရှင်ပယ်ချ

ပြည်သူ့ပါတီရုံးခွဲမဖွင့်ရသေးတဲ့ကိစ္စနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုတွေကို ရွေးကောက်ပွဲကော်မရှင်ပယ်ချ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၅

 

Move Forward ပါတီကို အသွင်ပြောင်းထားတဲ့ ပြည်သူ့ပါတီ (People’s Party) နိုင်ငံတစ်ဝန်း ရုံးခွဲတွေ အလုံ အလောက်မဖွင့်ရသေးတာနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ရွေးကောက်ပွဲကော်မရှင် (EC) က ဗုဒ္ဓဟူးနေ့က ပယ်ချလိုက်ပါတယ်။

 

ပြည်သူ့ပါတီဟာ ရုံးခွဲတွေဖွင့်လှစ်ဖို့ အစီအစဉ်ရှိနေတဲ့အတွက် နိုင်ငံရေးပါတီများအက်ဥပဒေကို ချိုးဖောက်ခဲ့ ခြင်းမရှိကြောင်း ရွေးကောက်ပွဲကော်မရှင် အထွေထွေအတွင်းရေးမှူးချုပ် ဆဝမ်းဘုန်းမီးက ပြောပါတယ်။

 

ပြည်သူ့ပါတီဟာ နိုင်ငံတစ်ဝန်း ဒေသလေးခုစလုံးမှာ နောက်နှစ် ဧပြီလ ၃ ရက်နေ့မတိုင်ခင်အထိ ရုံးခွဲတွေ ဖွင့် လှစ်သွားရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ပြည်သူ့ပါတီဟာ ထိုင်းနိုင်ငံ ဒေသကြီးလေးခုမှာ ရုံးခွဲတွေမရှိတဲ့အတွက် ဥပဒေနဲ့မညီလို့ ဖျက်သိမ်းပေးသင့် ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ပြောဆိုလာတဲ့ ထိုင်းပက်ဒီးပါတီရဲ့ဥက္ကဋ္ဌ ဝရောင်းဒီချစ်ဗီဂရုမ်းရဲ့ ခြိမ်းခြောက် မှုကို EC အတွင်းရေးမှူး ဆဝမ်းဘုန်းမီးက တုံ့ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ပြည်သူ့ပါတီက အသွင်ပြောင်းရယူခဲ့တဲ့ “သင်ကာခီယို ချာအိုဝီလိုင်းပါတီ” ဟာ ၂၀၁၂ ခုနှစ်မှာ ပါတီမှတ်ပုံတင် ခဲ့ပြီး ဒေသလေးခုစလုံးမှာ ရုံးခွဲတွေမရှိတာကို EC ဝက်ဆိုက်ကတစ်ဆင့်သိရကြောင်း ဝရောင်းက ပြောပါတယ်။

 

နိုင်ငံရေးပါတီတစ်ခုဟာ ပါတီတည်ထောင်တဲ့အချိန်ကနေ တစ်နှစ်အတွင်း ထိုင်းနိုင်ငံရဲ့ ဒေသကြီးလေးခုစလုံး မှာ ပါတီရုံးခွဲတွေရှိရမှာဖြစ်ပြီး အဲဒီလိုမဟုတ်ရင် ဖျက်သိမ်းခံရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဒါ့ကြောင့် Move Forward ပါတီက လွှတ်တော်အမတ် ၁၄၃ ဦးကို လွှဲပြောင်းလက်ခံခွင့်ပြုမယ့် အစား (ပြည်သူ့ ပါတီက ဆက်လက်လက်ခံရယူလိုက်တဲ့) “သင်ကာခီယို ချာအိုဝီလိုင်းပါတီ” ကို ဖျက်သိမ်းပြီး ဖြစ်သင့် ကြောင်း ၎င်းက ပြောပါတယ်။

 

ဘုရင်စနစ်ကို ဖျက်သိမ်းဖို့ ကြိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Move Forward ပါတီကို သြဂုတ်လ ၇ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

 

“သင်ကာခီယို ချာအိုဝီလိုင်းပါတီ” ဟာ အစောပိုင်းက ဒေသကြီးလေးခုစလုံးမှာ ပါတီရုံးခွဲတွေရှိခဲ့တဲ့အတွက် လို အပ်ချက်နဲ့ ကိုက်ညီပေမဲ့ ဧပြီလ ၄ ရက်နေ့မှာတော့ ချင်းမိုင်ရုံးခွဲတစ်ခုတည်းကလွဲလို့ ကျန်တဲ့ရုံးခွဲ ၃ ခုကို ပါတီ မှတ်ပုံတင်ကနေ ဖျက်သိမ်းခဲ့ကြောင်း ဆဝမ်းဘုန်းမီးက ပြောပါတယ်။

 

နိုင်ငံရေးပါတီများအက်ဥပဒေအရ ပါတီတစ်ရပ်ဟာ ရုံးခွဲတွေဖွင့်လှစ်ဖို့အတွက် တစ်နှစ်အချိန်ရတာကြောင့် ပြည်သူ့ပါတီဟာ နောက်နှစ် ဧပြီလ ၃ ရက်နေ့မတိုင်ခင်အထိ ကျန်ရှိနေတဲ့ ဒေသကြီး ၃ ခုမှာ ရုံးခွဲတွေဖွင့်လှစ် နိုင်ကြောင်း ဆဝမ်းက ပြောပါတယ်။

 

ပြည်သူ့ပါတီအနေနဲ့ နောက်ထပ်ရုံးခွဲတွေ ထပ်မံဖွင့်လှစ်မှာဖြစ်တယ်လို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဌာနကို သတင်းပို့ထားကြောင်း ၎င်းက ပြောပါတယ်။

 

အလှူငွေတောင်းခံခြင်း စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်မှုဟာ ပါတီဖျက်သိမ်းခံရတဲ့အထိ အကျိုးသက် ရောက်နိုင်တဲ့အတွက် ပြည်သူ့ပါတီအနေနဲ့ အလှူငွေတောင်းခံခြင်း စည်းမျဉ်းဥပဒေတွေကို အထူးဂရုပြုလိုက် နာဖို့လို ပြည်သူ့ပါတီကို အကြံပေးကြောင်း ၎င်းက ပြောပါတယ်။

 

ပြည်သူ့ပါတီဟာ အလှူငွေတွေကို အီလက်ထရောနစ်လမ်းကြောင်း (အွန်လိုင်း) ကတစ်ဆင့် အလှူခံနေတဲ့အ တွက် အလှူငွေတောင်းခံခြင်း စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်ရာရောက်နိုင်ဖွယ်ရှိကြောင်း ပြည်သူ့ပါတီကို ဝေဖန်သူတွေက ပြောပါတယ်။

 

ဒါပေမဲ့ အလှူငွေတွေကို အီလက်ထရောနစ်လမ်းကြောင်း (အွန်လိုင်း) ကတစ်ဆင့် လက်ခံရယူခြင်းမပြုရဘူးလို့ ဥပဒေအရ ပါတီတွေကို ပိတ်ပင်တားမြစ်ထားခြင်းမရှိကြောင်း၊ ပါတီအသီးသီးအနေနဲ့ ကိုယ်ပိုင်စည်းမျဉ်းစည်း ကမ်းတွေနဲ့ အလှူငွေတွေကို လက်ခံရယူနိုင်ကြောင်း ဆဝမ်းဘုန်းမီးက ပြောပါတယ်။

 

အလှူငွေအားလုံးဟာ ပါတီရဲ့ ဘဏ်အကောင့်ကို လွှဲပြောင်းပေးရမှာဖြစ်ပြီး ပြည်သူ့ပါတီအနေနဲ့ လောလော ဆယ် “သင်ကာခီယို ချာအိုဝီလိုင်းပါတီ” ရဲ့ ဘဏ်အကောင့်ကို သုံးစွဲနိုင်ကြောင်း ၎င်းက ပြောပါတယ်။

 

တကယ်လို့ ပြည်သူ့ပါတီက တခြားဘဏ်အကောင့်တစ်ခုကို ပြောင်းလဲသုံးစွဲမယ်ဆိုရင် အဲဒီလိုပြောင်းလဲသုံးစွဲ ရတဲ့အကြောင်းရင်းကို နိုင်ငံရေးပါတီများမှတ်ပုံတင်ဌာနကို ရှင်းလင်းတင်ပြရမှာဖြစ်ကြောင်း ၎င်းကပြောပါ တယ်။

 

ပြည်သူ့ပါတီဟာ အလှူငွေမှတ်တမ်းနဲ့ အလှူရှင်တွေရဲ့ နာမည်တွေကိုလည်း လစဉ်တင်ပြဖို့ လိုအပ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် ပါတီအနေနဲ့ ဘတ်ငွေ ၅၀၀၀ နဲ့အထိ ရရှိတဲ့ အလှူငွေတွေအတွက် လက်ခံဖြတ်ပိုင်းတစ်ခုစီ ထုတ်ပေး ဖို့လည်း လိုအပ်ကြောင်း ဆဝမ်းဘုန်းမီးက ပြောပါတယ်။

 

Ref: Election Commission dismisses concerns over People’s Party branches

 

#PeopleMedia


Share this post