ပြည်သူ့ပါတီအလှူငွေလက်ခံမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး တရားသူကြီး မေးခွန်းထုတ်
PUBLISHED - August 22, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၂
ထိုင်းနိုင်ငံက ပြည်သူ့ပါတီ (People’s Party) ဖွဲ့စည်းဖို့အတွက် ရန်ပုံငွေရှာဖွေတာဟာ တရားဥပဒေနဲ့ ညီညွတ် ခြင်းရှိမရှိ ဖွဲ့ စည်းပုံအခြေခံဥပဒေတရားရုံး တရားသူကြီးတစ်ဦးက မေးခွန်းထုတ်လိုက်ပါတယ်။
ပြည်သူ့ပါတီက ပါတီထောက်ခံသူတွေဆီက ဘတ်ငွေ ၁၇ သန်းထက်မနည်း ရန်ပုံငွေရရှိခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းဆိုင်ရာ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ကြောင်း တရားသူကြီးဥူဒမ်စစ်တီဝီရတ်သမ် က ပြောပါတယ်။
ဖျက်သိမ်းလိုက်တဲ့ Move Forward ပါတီကို အသွင်ပြောင်းဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီဟာ တရားဝင်မှတ်ပုံမ တင်ရသေးခင် ဥပဒေအရ အလှူငွေတွေ လက်ခံခွင့်ရှိသလားဆိုတာ မရှင်းလင်းကြောင်း တရာသူကြီးက ပြော ပါတယ်။
ပြည်သူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို ကာကွယ်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ အခန်းကဏ္ဍနဲ့ပတ် သက်ပြီး ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာ အဲဒီတရားသူကြီးက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
တန်ယာတွန်ရော့မဟာမောင်းကိုးလ်ဆိုသူရဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုထွက်ပေါ်လာပြီးနောက် တရားသူကြီးဥူဒမ်က အခု လို မှတ်ချက်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ပါတီဟာ သင်ခါခါယိုချိုဗီလိုင်းပါတီကို နာမည်ပြောင်းထားတဲ့ ပါတီအဖြစ် သိထားကြပါတယ်။ နာမည် ပြောင်းတာ တရားဝင်မဖြစ်သေးတဲ့အချိန်မှာ ပြည်သူ့ပါတီက အလှူငွေတွေကို လက်ခံနေတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ပါတီက အလှူငွေလက်ခံဖြတ်ပိုင်းတွေကို ဘယ်လိုနာမည်နဲ့ ထုတ်ပေးနေသလဲဆိုတာ ရှင်းရှင်းလင်း လင်း မသိရဘူးလို့ဆိုပါတယ်။
ပြည်သူ့ပါတီဟာ အလှူငွေလက်ခံရာမှာ သင်ခါခါယိုချိုဗီလိုင်းပါတီရဲ့ ဘဏ်အကောင့်ဟောင်းကို အသုံးပြုနေ တယ်လို့ ကြားရကြောင်း၊ အဲဒီပြောကြားချက် မှန်မမှန်သိဖို့လည်း စိစစ်အတည်ပြုဖို့ လိုအပ်ကြောင်းတရားသူ ကြီးမစ္စတာဥူဒမ်က ပြောပါတယ်။
ပြည်သူ့ပါတီဟာ ပါတီနာမည်ပြောင်းလဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး စာရွက်စာတမ်းတွေကို ရွေးကောက်ပွဲကော်မရှင် ထံတင်ပြထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အဲဒီတင်ပြမှုကို အတည်မပြုရသေးဘူးလို့လည်း ဆိုပါ တယ်။
အဲဒီကိစ္စမှန်တယ်ဆိုရင် ဥပဒေကြောင်းအရ မှတ်ပုံတင်လုပ်ငန်းစဉ် တရားဝင်အောင် ပြည်သူ့ပါတီဖွဲ့စည်းမှုကို တော်ဝင်ပြန်တမ်းမှာ ထည့်သွင်းဖော်ပြဖို့ လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ပါတီဟာ ပါတီစတင်ထူထောင်လိုက်တဲ့ သြဂုတ်လ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ ပါတီဝင်သစ် ၃၃,၀၀၀ နဲ့ ပါတီရန်ပုံငွေ ဘတ် ၁၇ သန်းထက်မနည်း ရရှိခဲ့ပါတယ်။
ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီဝင်တွေဟာ သင်ခါခါယိုချိုဗီလိုင်းပါတီကို လွှဲပြောင်းရယူလိုက်ပြီး ပြည်သူ့ပါတီလို့ နာမည်ပြောင်းလိုက်တာဖြစ်ပါတယ်။ Move Forward ပါတီဝင်ဖျက်သိမ်းခံလိုက်ရတယ်ဆိုတာ အကုန်လုံး သတင်းဆိုးတွေချည်းပဲမဟုတ်ကြောင်း မစ္စတာဥူဒမ်က ပြောပါတယ်။
“တစ်ရက်နှစ်ရက်အတွင်းမှာပဲ ဘတ်ငွေ သန်းနဲ့ချီပြီး သူတို့ ရှရှိခဲ့တယ်လေ။ အဲဒီအရင်ကဆိုရင် Move Forward ပါတီဆိုတာ အဲဒီလောက် ရန်ပုံငွေများများစားစားရှိတဲ့ ပါတီမဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့က ကျွန် တော့်ကို ကျေးဇူးတောင် တင်ချင်တင်နေဦးမယ်။” လို့ ၎င်းက ပြောပါတယ်။
ပြည်သူ့ပါတီကို သင်ခါခါယိုချိုဗီလိုင်းပါတီရဲ့ ဘဏ်အကောင့်ကို သုံးစွဲခွင့်ပြုထားတာဖြစ်နိုင်ဖွယ်ရှိပေမဲ့ တရားဝင် နာမည်ပြောင်းမှုမပြီးမချင်း အလှူငွေတွေကို အဲဒီနာမည်နဲ့ လက်ခံလို့မရကြောင်း ၎င်းက ပြောပါတယ်။
Ref: Legality of People’s Party donations queried after windfall
#PeopleMedia