• Follow Us on

Home ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် နိုင်ငံတော်ကိုကာကွယ်ရန်အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တပ်ချုပ်ပြောကြား

ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် နိုင်ငံတော်ကိုကာကွယ်ရန်အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၁

 

ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ရန်၊ နိုင်ငံတော်ကို ကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားလိုက်သည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA အဖွဲ့နှင့် TNLA အဖွဲ့တို့က ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်သဘောတူထားသည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ပြီး တိုက်ပွဲများ ဖော်ဆောင်လာခဲ့ကြောင်း၊ MNDAA အဖွဲ့အနေဖြင့် လားရှိုးဒေသတစ်ဝိုက်ရှိ နယ်မြေလုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့သကဲ့သို့ လားရှိုးမြို့အတွင်းကိုလည်း ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင်လည်း မြို့တွင်းသို့စိမ့်ဝင်ပြီး ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးလျက်ရှိကြောင်း၊ ၎င်းတို့နှင့် မဟာမိတ်ပြုလုပ်ထားသည့် TNLA အဖွဲ့အနေဖြင့်လည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်ဒေသတို့တွင်ရှိသည့် နယ်မြေလုံခြုံရေးစခန်းများနှင့် မြို့အချို့အတွင်းသို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်လာသည့်အတွက် ဒေသမတည်မငြိမ် ဖြစ်ခဲ့ရပြီး ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများသာမက အသက်အန္တရာယ်ပါ ထိခိုက်ဆုံးရှုံးမှုများစွာ ရှိခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးပြပြီး အေးချမ်းစွာနေထိုင်နေကြသည့် အပြစ်မဲ့ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လာမှုကို ပြည်သူလူထုအနေဖြင့် အလွန်ရွံရှာ စက်ဆုပ်နေသည်ကိုလည်း တွေ့ရှိရကြောင်း ပြောသည်။

 

“တပ်မတော်ဟာ ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ဖြစ်ပြီးတော့ နိုင်ငံတော်ရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်ပါတယ်။ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ဖို့ နိုင်ငံတော်ကို ကာကွယ်ဖို့ အစွမ်း ကုန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ပြည်သူ့အတွက်၊ နိုင်ငံအတွက် ဦးထိပ်ထားဆောင်ရွက်တာဟာ တရားသောစစ်ကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ အမိနိုင်ငံတော်အပေါ် ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင်ဆောင် ရွက်လာတဲ့ သောင်းကျန်းသူအဖျက်သမားတွေအပေါ် ပြင်းပြတဲ့၊ စုစည်းညီညွတ်တဲ့ အမျိုးသားရေးစိတ်၊ မြန်မာ စိတ်တို့မွေးမြူပြီး နိုင်ငံတော်ကို စုပေါင်းကာကွယ်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

တပ်မတော်အနေဖြင့် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်ဒေသများ တည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခသက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံ အပေါ် ၎င်းတို့လိုချင်သည့် လက္ခဏာမျိုးရရှိစေရန် ပြည်ပနိုင်ငံအချို့သည် လက်နက်ကိုင်သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထားကွဲလွဲသူများမှ အကြမ်းဖက်လမ်းစဉ်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများကို ငွေကြေး ရရှိအောင်၊ အစားအသောက်ရရှိအောင်၊ ဆေးဝါးရရှိအောင်၊ လက်နက်ခဲယမ်းမီးကျောက်ရရှိအောင်၊ နည်းပညာ များရရှိအောင်၊ အုပ်ချုပ်ထောက်ပံ့မှုအခွင့်အလမ်းများ ရရှိအောင်လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက်မီဒီယာများကို လည်း စိတ်ဓာတ်စစ်ဆင်ရေးလုပ်နိုင်အောင် ကူညီပေးလျက်ရှိကြောင်း ယာယီသမ္မတ(တာဝန်) တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post