• Follow Us on
Latest News

Home ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်း အချို့ကို ရပ်တန့်ခဲ့သဖြင့် နိုင်ငံအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ဟု နစကဥက္ကဋ္ဌပြောကြား

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်း အချို့ကို ရပ်တန့်ခဲ့သဖြင့် နိုင်ငံအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ဟု နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၉

 

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး လုပ်ငန်းအချို့ကို ရပ်တန့်ခဲ့သဖြင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ယမန်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့်  စီးပွား ရေးရာကော်မတီ အစည်းအဝေးတွင် စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ဝန်ကြီးဌာနတွေက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်း အချို့ကို ရပ်တန့်ခဲ့တဲ့အတွက် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တာဝန်ယူဆောင်ရွက်ချိန်မှာ လည်ပတ်သင့်တဲ့ စက်ရုံတွေနဲ့ လုပ်ငန်းတွေကိုပြန်လည် လည်ပတ်နိုင်ဖို့ ဆောင် ရွက်ခဲ့ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလားတူဝန်ကြီး ဌာနများ၌ လုပ်ငန်းလည်ပတ်မှုမရှိဘဲ ရပ်တန့် နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန်အကြောင်းအမျိုးမျိုးဖြင့် မြေနေရာများ ရယူထား ရှိပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသည်များ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့ အကျိုးအတွက် ကြည့်မည်ဆိုပါက ၎င်းမြေနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ လည်ပတ် နိုင်မည့်၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင် မည့် အဖွဲ့အစည်းများက လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံအတွက်လိုအပ်သည့် ကုန်ထုတ်လုပ်မှု များဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရပိုင်းဆိုင်ရာနှင့် ပုဂ္ဂလိက ပိုင်းဆိုင်ရာများ စသည်ဖြင့်အပိုင်းလိုက်ဆောင်ရွက်ရန်လိုကြောင်း ပြောသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများ နှင့်အညီဆောင်ရွက်ရန်လို ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လွှဲပြောင်းပေးရာတွင်လည်း အမှန်တကယ်ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများကိုသာ ဆောင်ရွက်ခွင့်ပေး ရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ကိုအောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြော ကြားသည်။

 

#PeopleMedia


Share this post