• Follow Us on

Home ပွင့်ဖြူမြို့နယ်၊ မဲဇလီရွာမှ ပွင့်ဖြူမြို့သို့ မီတာခ ကောက်ခံငွေ သွားရောက် ပေးသွင်းသူများနှင့် ဈေးဝယ်သွား သူများ၏ ငွေကြေးများနှင့် ရွှေထည်များကို စစ်သွေးကြွတွေ ဓားပြတိုက်

ပွင့်ဖြူမြို့နယ်၊ မဲဇလီရွာမှ ပွင့်ဖြူမြို့သို့ မီတာခ ကောက်ခံငွေ သွားရောက် ပေးသွင်းသူများနှင့် ဈေးဝယ်သွား သူများ၏ ငွေကြေးများနှင့် ရွှေထည်များကို စစ်သွေးကြွတွေ ဓားပြတိုက်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီရွာမှ ပွင့်ဖြူမြို့သို့ မီတာခ ကောက်ခံငွေ သွားရောက်ပေးသွင်း သူများနှင့် ဈေးဝယ်သူများ၏ ငွေကြေးများနှင့် ရွှေထည်များကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဓားပြတိုက် သွားကြောင်း သိရသည်။

 

အောက်တိုဘာလ (၂၄)ရက် နံနက် (၇)နာရီအချိန်က မဲဇလီကျေးရွာ မီးလင်းရေးအဖွဲ့မှ ဦးသောင်းရွှေ အပါအဝင် (၄)ဦးသည် ယာဉ်မောင်း ကိုဇင်မောင်ဦး ယာဉ်အမှတ် MDY -13/1695 SUZUKI အဖြူရောင်ယာဉ် HIJET ကားဖြင့် မဲဇလီကျေးရွာမှထွက်ခွာလာပြီး ညောင်ပင်ကျေးရွာတွင်ရှိသော ဘုန်းကြီးကျောင်း၌ ကထိန်ထမင်း စားပီးနောက် နံနက် (၇)နာရီ (၄၀)မိနစ် အချိန်ခန့်တွင် ဘုန်းကြီးကျောင်းမှ ပြန်လည်ထွက်ခွါခဲ့ သည်။

 

ယင်းသို့ထွက်ခွါလာရာတွင် နံနက် (၈)နာရီအချိန်ခန့်၌  (အမက) ကျောင်းရှေ့တွင် စစ်သွေးကြွ PDF အဖွဲ့ဝင် (၆) ဦးခန့်မှ ကားအားရပ်တန့်စေကာ ကားပေါ်မှဆင်းခိုင်းပြီး ဦးသောင်းရွှေ  (၅၅)နှစ်ထံမှ မဲဇလီကျေးရွာ မီတာခ ကောက်ခံငွေ (၃၇)သိန်း၊ ဆန်ဖိုးငွေ (၆၇၅၀၀၀)ကျပ်၊ Samaung ဖုန်း (၁)လုံး၊ ဦးတင်မောင်ကြည် (၅၇)နှစ်ထံမှ Samsung ဖုန်း (၁)လုံး၊ ဦးအောင်ချိူသန်း (၅၉)နှစ်ထံမှ မှတ်ပုံတင်ကဒ်၊ စမတ်ကဒ်၊ ယာဉ်မောင်း လိုင်စင်နှင့် Redmi ဖုန်း (၁)လုံးတို့အား ယူဆောင်ပီး HIJET ကားသော့ကိုဖြုတ်ယူကာ ယူဆောင်သွားသည့် အပြင် ဦးအောင်ချိူသန်းအား နောက်တွင် ကျေးရွာမီတာမကောက်ရန် ပါး ၁ချက်ရိုက်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ညောင်ပင်ဝိုင်းကျေးရွာ၏ အနောက်မြောက်တောထဲသို့ ဝင်သွားကြောင်း ဦးသောင်းရွှေ၊ ဦးတင်မောင်ကြည်၊ ဦးအောင်ချိူသန်းတို့မှာ ကျေးရွာသို့ပြန်လာပြီး ယာဉ် မောင်းသူ ဦးဇင်မောင်ဦးမှာ ကားဖြင့်ကျန်ခဲ့ပြီး အင်းကုန်းရွာ ဘက်သို့ လမ်းကြုံဖြင့် ကားအား ဆွဲသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post