• Follow Us on
Latest News

Home ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာမှ မိသားစုဝင် လေးဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးထား၊ သေသည်ရှင်သည် မသိရသေး

ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာမှ မိသားစုဝင် လေးဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးထား၊ သေသည်ရှင်သည် မသိရသေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၁

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာတွင် နေထိုင်သည့် ဦးဖိုးကြွက်နှင့် ၎င်း၏ သားဖြစ်သူ ဦးအေးချို၊ ဦးအေးချို၏ သားသမီးများဖြစ်သည့် မောင်အောင်မျိုးနိုင်နှင့် မအေးအေးအောင်တို့ကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးထားကြောင်း သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ (၁၅)ရက်က ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာတွင် နေထိုင်သည့် မောင်အောင်မျိုးနိုင် (၂၅)နှစ်နှင့် မအေးအေးအောင် (၂၀)နှစ်တို့ မောင်နှမ နှစ်ဦးသည် ကျောက်ပုံရွာ နွားပွဲစားထံသို့ နွား (၅)ကောင် ရောင်းထားရာမှ ကျောက်ပုံကျေးရွာ အုပ်ချုပ်ရေးမှူးမှ နွားဖိုး လာယူရန် ခေါ်သဖြင့် သွားယူရာတွင် အဆိုပါ မောင်နှမ နှစ်ဦးကို ဖမ်းဆီးကာ လယ်မကျေးရွာ စစ်သွေးကြွ PDF အဖွဲ့ဝင်များထံသို့ အပ်နှံလိုက်ကြောင်း သိရသည်။

 

ယင်းနောက်တွင် ကျောက်ပုံကျေးရွာ အုပ်ချုပ်ရေးမှူးမှ မောင်အောင်မျိုးနိုင်တို့ မောင်နှမ နှစ်ဦးကို လွှတ်ပေးမည်ဟုဆိုကာ ၎င်းတို့၏ ဖခင်ဖြစ်သူ ဦးအေးချိုကို လာခဲ့ရန် ခေါ်သဖြင့် ဦးအေးချိုသည် ယင်း၏ ဖခင်ဖြစ်သူ ဦးဖိုးကြွက်နှင့်အတူ သွားရောက်ခဲ့သည်။

 

ယင်းသို့ သွားရောက်ရာတွင်လည်း ဦးအေးချိုနှင့် ဖခင်ဖြစ်သူ ဦးဖိုးကြွက်ကိုပါ ကျောက်ပုံကျေးရွာ အုပ်ချုပ်ရေးမှူးမှ ထပ်မံဖမ်းဆီးထားကြောင်း သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ (၁၅)ရက်ကလည်း နွားပျောက်ရှာသွားသည့် ဆင်လူးကျေးရွာမှ အသက် (၅၆)နှစ်အရွယ် ဦးဖိုးထွန်းအား စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်ပြီး သံတောင်ဆည်အနီးတွင် အလောင်းကို စွန့်ပစ်ထားကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် ကျွဲခြံကျေးရွာနှင့် လယ်မကျေးရွာတွင် ယခင်က စစ်သွေးကြွ PDF အဖွဲ့ဝင် အင်အား (၁၅၀)ခန့် နေထိုင်လျက်ရှိပြီး လက်ရှိအချိန်တွင် အဆိုပါ ကျေးရွာများသို့ စစ်သွေးကြွ AA အဖွဲ့ဝင်များနှင့် ချင်း PDF အဖွဲ့ဝင်များပါ ရောက်ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

အဆိုပါ စစ်သွေးကြွ အဖွဲ့ဝင်များသည် မဲဇလီမြောက်ဘက် ပုသိမ်-မုံရွာ လမ်းကို ဖျက်ဆီးထားသဖြင့် မဲဇလီ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စခန်းကို တိုက်ခိုက်နိုင်ကြောင်းနှင့် မဲဇလီစခန်း၏ မြောက်ဘက် မဲဇလီဆေးရုံ ဝန်းကျင်တွင်လည်း ဗုံးများ ထောင်ထားကြောင်း သိရသည်။

 

#PeopleMedia


Share this post