• Follow Us on
Latest News

Home ပွင့်ဖြူမြို့နယ် ဆင်လူးပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွတွေက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၊ အမျိုးသမီး နှစ်ဦး ဗုံးစထိမှန် သေဆုံး

ပွင့်ဖြူမြို့နယ် ဆင်လူးပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွတွေက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၊ အမျိုးသမီး နှစ်ဦး ဗုံးစထိမှန် သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းဘေးရှိ ဆင်လူးပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဒရော့ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး နှစ်ဦး ဗုံးစထိမှန် သေဆုံးသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ (၁၁)ရက် နေ့ခင်း (၁)နာရီခန့်က ဆင်လူးပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဒရော့ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့သည်။

 

ယင်းသို့ စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ ဒရော့ဗုံး ပေါက်ကွဲမှုကြောင့် ဆင်လူးကျေးရွာမှ အသက် (၈၇)နှစ်အရွယ် အဖွါးဒေါ်သန်းကြည်တွင် ပေါင်မှ ဝမ်းဗိုက်ထိ ဗုံးစဖောက်ဝင်ဒဏ်ရာရရှိကာ သေဆုံးသွားပြီး ဒေါ်တင်မှီတွင် ရင်ဝ ဗုံးစဖောက်ဝင်ဒဏ်ရာများ ရရှိကာ သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post