• Follow Us on

Home ပွင့်ဖြူမြို့နယ် မဲဇလီရွာမမှ မီတာခကောက်ခံငွေ သွားရောက်ပေးသွင်းသူများနှင့် ဈေးဝယ်သွားသူများ၏ ငွေကြေးနှင့် ရွှေထည်များကို စစ်သွေးကြွတွေ ဓားပြတိုက်

ပွင့်ဖြူမြို့နယ် မဲဇလီရွာမမှ မီတာခကောက်ခံငွေ သွားရောက်ပေးသွင်းသူများနှင့် ဈေးဝယ်သွားသူများ၏ ငွေကြေးနှင့် ရွှေထည်များကို စစ်သွေးကြွတွေ ဓားပြတိုက်

Share this post

မကွေး၊ အောက်တိုဘာ ၂၄

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီရွာမမှ ပွင့်ဖြူမြို့သို့ မီတာခ ကောက်ခံငွေ သွားရောက် ပေးသွင်းသူများနှင့် ဈေးဝယ်သွားသူများ၏ ငွေကြေးများနှင့် ရွှေထည်များကို စစ်သွေးကြွ PDF အဖွဲ့ဝင် (၂၀)ဦးမှ ဓားပြတိုက်ခဲ့သည်။

 

ယနေ့ အောက်တိုဘာလ (၂၄)ရက် နံနက် (၉)နာရီ (၂၀)မိနစ်အချိန်က မဲဇလီရွာမမှ ပွင့်ဖြူမြို့သို့ မီတာခ ပေးသွင်းရန်နှင့် ဈေးဝယ်ရန်အတွက် သွားရောက်သူများကို မဲဇလီအုပ်စု ညောင်ဝိုင်းကျေးရွာထိပ်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဓားပြတိုက်သွားခြင်းဖြစ်သည်။

 

အဆိုပါ ဖြစ်စဉ်၌ ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post