• Follow Us on
Latest News

Home ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းအတွင်း ပြည်သူများအပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်း သာယာလှပပြီး စိမ်းလန်းစိုပြေမှုရှိအောင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းအတွင်း ပြည်သူများအပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်း သာယာလှပပြီး စိမ်းလန်းစိုပြေမှုရှိအောင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)အတွင်း ရှိ မှန်တံတားကို ဖြတ်သန်းပြီး ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြ ပြကွက်များကို ကြည့်ရှုအားပေး၍ အစာကျွေးကြကာ Sky Cable Car ဖြင့် လိုက်ပါစီးနင်းပြီး ပွဲကောက်ရေတံခွန်အပန်းဖြေ စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ထို့နောက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပွဲကောက် ရေတံခွန် အပန်းဖြေစခန်း (B.E FALLS)အတွင်း ပြည်သူများအပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်း သာယာလှပပြီး စိမ်းလန်းစိုပြေမှုရှိအောင်ဆောင်ရွက်ရန်၊ သစ်ပင် ပန်းမန်များကို စနစ်တကျစိုက်ပျိုးရန်၊ လျှောက်လမ်းများနှင့် တံတားများကောင်းမွန်စေ ရေးဆောင်ရွက်ရန်၊ ချောင်းရိုးတစ်လျှောက် သန့်ရှင်းသာယာ ရေးနှင့် ရေများသန့်ရှင်း ကြည်လင်မှုရှိစေရေးအထွက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အခြားဖြည့်စွက်ဆောင် ရွက်သင့်သည်များကို လမ်းညွှန်မှာကြားသည်။

 

ပွဲကောက်ရေတံခွန်တွင် လာရောက်လည်ပတ်သူများ စိတ်အပန်းပြေစေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင် ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများနှင့် အရှည် ၅၅၄ မီတာရှိ Sky Cable Way ကိုလည်း တည် ဆောက်ထားရှိပြီး Sky Cable Car များကိုစီးနင်း၍ သဘာဝပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုခံစားနိုင် ကြောင်း သိရသည်။

 

#PeopleMedia


Share this post