
PUBLISHED - December 11, 2019
Ref;CAN
(Unicode)
ဖင်လန်ဝန်ကြီးချုပ်သစ် ကမ္ဘာ့အသက်အငယ်ဆုံး အစိုးရခေါင်းဆောင် တစ်ဦးဖြစ်လာ
…………………………………………………………
ဖင်လန်နိုင်ငံရဲ့ အသက် ၃၄ နှစ်အရွယ် ဆန်နာမာရင်းဟာ နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့ တရားဝင်ခန့်အပ်ခံရပြီး ကမ္ဘာ့အသက်အငယ်ဆုံး အစိုးရခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
မာရင်းဟာ အင်္ဂါနေ့က မဲခွဲဆုံးဖြတ်ရာမှာ ၉၉ မဲ မှာ မဲ ၇၀ ရရှိခဲ့ပြီး ဖင်လန်နိုင်ငံရဲ့ တတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။
မာရင်းရဲ့ဝန်ကြီးချုပ်တာ ဝန်ထမ်းဆောင်မှုဟာ ဖင်လန်နိုင်ငံမှာသာမက နိုင်ငံတ ကာသတင်းမီဒီယာများမှာပါ ခေါင်းကြီးသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
လက်ရှိမာရင်းရဲ့နောက်မှာ ကမ္ဘာ့အသက်အငယ်ဆုံးအစိုးရခေါင်းဆောင်အဖြစ် တာဝန်ယူနေသူကတော့ ယူကရိန်းဝန်ကြီးချုပ် အိုလက်စီ ဟန်ချာရုဖြစ်ပြီး အသက် ၃၅ နှစ်ဖြစ်ပါတယ်။
Ref;CAN
#PeopleMedia #International
(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)