• Follow Us on
Latest News

Home ဖင်လန်နိုင်ငံမှာ အမေရိကန်စစ်စခန်း ၁၅ ခု ဆောက်လုပ်ခွင့်ရ

ဖင်လန်နိုင်ငံမှာ အမေရိကန်စစ်စခန်း ၁၅ ခု ဆောက်လုပ်ခွင့်ရ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉

 

နေတိုးအဖွဲ့ဝင်နိုင်ငံသစ်ဖြစ်တဲ့ ဖင်လန်နိုင်ငံက ၎င်းတို့နိုင်ငံမှာ အမေရိကန်စစ်စခန်း ၁၅ ခု တည်ဆောက်ဖို့ခွင့်ပြု လိုက်တဲ့ သဘောတူစာချုပ်တစ်ရပ်ကို အခုသီတင်းပတ်အတွင်းမှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း ဖင် လန် ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့ (ဒီဇင်ဘာလ ၁၅ ရက်နေ့) က ထုတ်ဖော်ပြောကြားလိုက်ပါ တယ်။

 

ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (The Defence Cooperation Agreement – DCA) ကို တနင်္လာနေ့မှာ ဖင်လန်ကာကွယ်ရေးဝန်ကြီး အန်တီဟက်ကနန်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘ လင်ကန်တို့ ဝါရှင်တန်ဒီစီမှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အဲဒီကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ဖင်လန်နိုင်ငံ လွှတ်တော်က အတည်ပြုရမှာဖြစ်ပါ တယ်။

 

“ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (DCA) ကြောင့် ဖင်လန်နိုင်ငံထဲမှာ အမေရိကန်တပ်ဖွဲ့ဝင် တွေ တပ်ဖြန့်ချထားပြီး လေ့ကျင့်ရေးတွေဆောင်ရွက်နိုင်သလို ကြိုတင်နေတပ်ဖြန့်ချထားနိုင်တာကြောင့် ဒီစာ ချုပ်ဟာ ဖင်လန်နိုင်ငံရဲ့ ကာကွယ်ရေးကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီးဌာကပြော ပါတယ်။

 

“ဒါ့အပြင် ဒီသဘောတူစာချုပ်ဟာ နေတိုးအဖွဲ့ရဲ့ ခြိမ်းခြောက်ဟန့်တားမှုနဲ့ ကာကွယ်ရေးကဏ္ဍ ဆောင်ရွက်ရာ မှာလည်း အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ဖင်လန်နိုင်ငံခြားရေးဝန်ကြီး အလီနာဗယ်လ်တန်နန်က ဝါရှင်တန်ကိုသွားရောက်ပြီး လက်မှတ်ရေးထိုးပွဲအခမ်း အနားမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ဆွီဒင်နိုင်ငံနဲ့ အလားတူ ကာကွယ်ရေးပူး ပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီစာချုပ်အရ အမေရိကန်နိုင်ငံဟာ ဆွီဒင်နိုင်ငံ မှာ စစ်စခန်း ၁၇ ခု ဆောက်လုပ်ခွင့်ရမှာဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာတဲ့အတွက် စိုးရိမ်စိတ်တွေ မြင့်မားလာပြီးနောက် ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ ၎င်းတို့နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ စစ်ရေးအရဘက် မလိုက်မူဝါဒကို စွန့်လွှတ်ပြီး နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ကြပါတယ်။

 

ဖင်လန်နိုင်ငံဟာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက နေတိုးအဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး ဆွီဒင်နိုင်ငံကတော့ နေတိုး အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဟန်ဂေရီနဲ့ တူရကီတို့ရဲ့ ထောက်ခံမှုရအောင် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

 

Ref: US to Gain Access to 15 Military Bases in Finland

 

#PeopleMedia


Share this post