ဖမ်းဆီးခံထားရသည့် NLD ပါတီ၏ ပုလဲမြို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စန်းလှိုင်နှင့် အဆက် အသွယ် မရသေးဟုဆို

PUBLISHED - September 2, 2021
နေပြည်တော်၊ စက်တင်ဘာ ၂ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စန်းလှိုင်သည် ဩဂုတ် လ ၃၁ ရက်က ဖမ်းဆီးခံခဲ့ရပြီးနောက် ၎င်းနှင့် အဆက်အသွယ် မရသေးကြောင်း ၎င်း၏ နီးစပ်သူက ပြောပါ တယ်။
ဒေါ်ခင်စန်းလှိုင်သည် ဩဂုတ်လ ၃၁ ရက်နေ့၌ ၎င်းနေထိုင်ရာ ဗဟန်းမြို့နယ်ရှိ နေအိမ်တစ်ခု၌ ဖမ်းဆီးခံရခြင်း ဖြစ်ပါတယ်။
ဒေါ်ခင်စန်းလှိုင်သည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၌ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ NLD ကိုယ်စားပြုအဖြစ်ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။
#PeopleMedia #ဒေါ်ခင်စိန်းလှိုင်
(unicode)
………………………………………………………………………