ဖမ်းဆီးထားသော နိုင်ငံရေးခေါင်းဆောင်များ၊ ဖမ်းဆီးခံပုဂ္ဂိုလ်များအားလုံး အမြန်ဆုံးလွှတ်ပေးရန်အပါအဝင် အချက် (၆) ချက်ကို KNU တောင်းဆို
PUBLISHED - October 15, 2021
ရန်ကုန်၊ အောက်တိုဘာ ၁၅ (People Media)
ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးခေါင်းဆောင်များ၊ ဖမ်းဆီးခံလူပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက်မရှိ အမြန် ဆုံးလွှတ်ပေးရန်အပါအဝင် အချက် (၆) ချက်ကို ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက် သည်။
ယနေ့ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ KNU က အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။
တပ်မတော်က နိုင်ငံတော်တာဝန်ကို ယာယီတာဝန်ယူသည့်ကာလအတွင်း ကရင်ပြည်နယ်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်သည် မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျ ဆုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
တိုက်ပွဲများကြောင့် ထိခိုက်ကျဆုံးမှုများကို တပ်မတော်အပါအဝင် KNU အဖွဲ့တို့က တရားဝင် ထုတ်ပြန်ခြင်း မရှိပါဘူး။
Photo – KNU
#PeopleMedia #KNU #peace
(unicode)
……………………………………………………………………
Photo – KNU
#PeopleMedia #KNU #peace