• Follow Us on

Home ဖလမ်းမြို့နယ် သီဘွာလ်ကျေးရွာရှိ တပ်မတော်စခန်း ဆုတ်ခွါပေးလိုက်ရ

ဖလမ်းမြို့နယ် သီဘွာလ်ကျေးရွာရှိ တပ်မတော်စခန်း ဆုတ်ခွါပေးလိုက်ရ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၅

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီဘွာလ်ကျေးရွာရှိ တပ်မတော်စခန်းကို ချင်းအမျိုးသား ကာကွယ်ရေးအဖွဲ့ (CNDF) က တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆုတ်ခွါပေးလိုက်ရကြောင်း သိရသည်။

 

နိုဝင်ဘာလ (၁၄)ရက် ည (၁၁)နာရီဝန်းကျင်ခန့်တွင် သီဘွာလ်စခန်းကို CNDF အဖွဲ့က စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာလ (၁၅)ရက် နံနက် (၅)နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စခန်းဆုတ်ခွါပေးလိုက်ကြောင်း သိရသည်။

 

နိုဝင်ဘာ (၁၃)ရက်ကလည်း ရိခေါ်ဒါရ်မြို့ တောင်ကုန်းပေါ်ရှိ တပ်မတော် စခန်းတစ်ခုကို ချင်းလက်နက်ကိုင် အဖွဲ့များဖြစ်သည့် CNA နှင့် Chinland Defense Force အဖွဲ့များမှ တိုက်ခိုက်မှုကြောင့် စခန်းဆုတ်ခွါ ပေးခဲ့ရသည်။

 

Photo – Credit

 

#PeopleMedia


Share this post