ဖလမ်းမြို့၊ တလန်လိုရပ်ကွက်တွင် မြေပြိုကျမှုနှင့် ကျောက်စီနံရံအက်ကွဲမှုဖြစ်ပွား

PUBLISHED - October 4, 2023
နေပြည်တော်၊ အောက်တိုဘာ ၄
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က မြေပြိုကျမှုနှင့် ကျောက်စီနံရံအက်ကွဲမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် မြေပြိုကျမှုဖြစ်ပွားခြင်းနှင့် တမိုင်ဘုန်းကြီးကျောင်းလမ်းတွင် ကျောက်စီနံရံအက်ကွဲမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဂိုထောင်(၁)လုံး၊ အိမ်ထောင်စု(၈)စုနှင့် မိသားစု ဝင်များအား ဖလမ်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နီးစပ်ရာဆွေမျိုးများအိမ်သို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ကျောက်စီနံရံအား ထပ်မံပြိုကျမှုမရှိစေရေး အတွက် မိုးကာများ ဖုံးအုပ်ပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိ ရသည်။
#PeopleMedia