• Follow Us on
Latest News

Home ဖာပွန်မြို့နယ်တွင် အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သံဃာတော် တစ်ပါး ထိခိုက်ဒဏ်ရာရရှိ

ဖာပွန်မြို့နယ်တွင် အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သံဃာတော် တစ်ပါး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ရေပူကျေးရွာ၏ အနောက်ဘက်တွင် အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်တိုက်မိုင်းကြိုးအား သံဃာတော်တစ်ပါး တိုက်မိခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဖာပွန်မြို့နယ်၊ ကျွန်းတောကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် ဆရာတော် ဘဒ္ဒန္တတေစန္တိယသည် ရေပူကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ရာ ရေပူကျေးရွာ၏ အနောက်ဘက် မီတာ ၄၅၀ ခန့်အကွာသို့အရောက် အကြမ်း ဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်တိုက်မိုင်းကြိုးအား တိုက်မိ၍ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ ကမမောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post