• Follow Us on

Home ဖာပွန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံးကို KNU အဖွဲ့က မိုင်းခွဲဖျက်ဆီး

ဖာပွန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံးကို KNU အဖွဲ့က မိုင်းခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ ဇူလိုင် ၁၈

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးကို ဇူလိုင်လ (၁၆)ရက် ည (၁၀) နာရီ (၄၅) မိနစ်အချိန်က ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးကို KNU အဖွဲ့ဝင်များမှ မိုင်းခွဲဖျက်ဆီးခဲ့သည်။

 

KNU အဖွဲ့ဝင်များအနေဖြင့် ညအချိန်တွင် အရပ်ဝတ်များဖြင့် ရောက်ရှိလာပြီး ပြည်ခိုင်ဖြိုးပါတီရုံးကို ဗုံးခွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

 

ထိုသို့ ဗုံးဖောက်ခွဲခံရမှုကြောင့် ပြည်ခိုင်ဖြိုးပါတီရုံး၏ ပင်မဆောင်နေရာနှင့် အစည်းအဝေးခန်းမတို့ ပျက်စီး သွားကြောင်း သိရသည်။

 

ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် လုံခြုံရေးအပါအဝင် အစောင့်များချထားခြင်းနှင့် လူနေထိုင်ခြင်း မရှိသော ကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post