• Follow Us on

Home ဖားကန့်ဒေသတွင် မြေစာပုံပြိုကျ၍ ရေချိုးနေသည့် လူ ၄ ဦး ရေစီးနှင့် မျောပါသွားရာမှ အမျိုးသမီး ၁ ဦး သေဆုံး

ဖားကန့်ဒေသတွင် မြေစာပုံပြိုကျ၍ ရေချိုးနေသည့် လူ ၄ ဦး ရေစီးနှင့် မျောပါသွားရာမှ အမျိုးသမီး ၁ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဩဂုတ် ၇

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊ အောင်သာယာအပိုင်းတွင် မြေစာပုံပြိုကျပြီး ကန်အစပ်တွင် ရေချိုးနေသည့် အမျိုးသမီး ၂ ဦးနှင့် ကလေး ၂ ဦး ရေစီးထဲ မျောပါသွားရာမှ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ ကြောင်း Myanmar Rescue Organization – Hpakant မှ သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ် ၅ ရက် မွန်းတည့် ၁၂ နာရီကျော်အချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ အောင်သာယာ၂ မှော်ရပ်ကွက်တွင် ကျောက်စိမ်းလုပ်ကွက်တူးဖော်ထားသည့် ရေကန် အတွင်း သာယာကုန်းအပိုင်းမှ မြေစာပုံပြိုကျပြီး ရေလှိုင်းပုတ်ရာမှ ကန်အစပ်ရေချိုးနေသည့် အမျိုးသမီး ၂ ဦးနှင့် ကလေး ၂ ဦး ရေထဲမျောပါပြီး ရေကန်အတွင်း နစ်မြှပ်ခဲ့ကြောင်း သိရသည်။

 

ရေထဲမျောပါသွား၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အမျိုးသမီး ၁ ဦးနှင့် ကလေး ၂ ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့သော်လည်း အမျိုးသမီး ပျောက်ဆုံးနေ၍ ဆက်လက်ရှာဖွေခဲ့ရာ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ထိုအမျိုးသမီးအား သေဆုံးလျှက်ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းမှာ အောင် သာယာ ၂ မှော်ရပ်ကွက်တွင် နေထိုင်သူ ဒေါ်ခင်ဆွေမာ ၃၇ နှစ် ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post