ဖားကန့်မြို့တွင်ရပ်ထားသည့်ကားအတွင်း အသတ်ခံထားရသော အမျိုးသား ၁ ဦး အလောင်းအားတွေ့ရှိ
PUBLISHED - January 26, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု မလန်းကျေးရွာအနီးရှိလမ်းတွင် ယမန်နေ့ နံနက် ၉နာရီ အချိန်က ရပ်ထားသည့် Toyota LAND CRUISER ကားအတွင်း အသတ်ခံထားရသော အမျိုးသား ၁ ဦး အလောင်းအား တွေ့ရှိခဲ့ရကြောင်း သိရသည်။
သေဆုံးနေသည့် အမျိုးသားမှာ အသက် ၃၀ နှစ်အရွယ်ရှိ ကိုမျိုးဟန်ဆိုသူဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာနှင့် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
မည်သည့်အတွက်ကြောင့် သတ်ဖြတ်ခဲ့သည်ကို မရှိရသေးကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းကို လူမှု ကူညီရေးယာဉ်မှ သယ်ဆောင်ကာ ဆေးရုံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia