ဖားကန့်မြို့တွင် ဆီဖြည့်နေသည့် အမျိုးသားနှင့် မုန့်ပို့သည့် အမျိုးသားတို့ သေနတ်ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - October 6, 2023
နေပြည်တော်၊ အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆီဖြည့်နေသည့် အမျိုးသားနှင့် မုန့်ပို့သည့် အမျိုးသားတို့ တစ်ရက်ထဲသေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
အောက်တိုဘာလ ၅ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ဖားကန့်မြို့၊ ဆိပ်ဖြူကျေးရွာအုပ်စု၊ မမုံကျေးရွာ ထွန်းဦးဆီဆိုင်တွင် မော်တော်ဆိုင်ကယ်အား ဆီဖြည့်နေသည့် အမျိုးသားတစ်ဦးကို KIA/PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
အလားတူ ဖားကန့်မြို့၊ ဖားပြင်ရွာအဝင်တွင် မော်တော်ဆိုင်ကယ်ဖြင့် အာလူးကျော်မုန့်များကို လိုက်ပို့သည့် အမျိုးသားတစ်ဦးကိုလည်း KIA/PDF အဖွဲ့မှ ပစ်ခတ်သွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ မကြာသေးမီရက်ပိုင်းက ဖားကန့်မြို့တွင် ရေခဲချောင်းရောင်းသည့် အမျိုးသားနှင့် အချဉ် ပေါင်းရောင်းသည့် အမျိုးသားတစ်ဦးလည်း သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသည့် ဖြစ်စဉ်လည်းရှိခဲ့သည်။
Photo – Credit
#PeopleMedia