• Follow Us on
Latest News

Home ဖားကန့်မြို့တွင် နွံကန်ပေါက်ကျမှုကြောင့် လူနေအိမ် (၅၀) နစ်မြုပ်ပြီး၊ နေအိမ် (၆) လုံးဆုံးရှုံး

ဖားကန့်မြို့တွင် နွံကန်ပေါက်ကျမှုကြောင့် လူနေအိမ် (၅၀) နစ်မြုပ်ပြီး၊ နေအိမ် (၆) လုံးဆုံးရှုံး

Share this post

နေပြည်တော်၊ မတ် ၂၁

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မှုအုပ်စု၊ နမ့်မှော်ကျေးရွာတွင် နွံကန်ကြီးတစ်ကန်ပေါက်ကျမှုကြောင့် ထိုကျေးရွာရှိ လမ်းမပေါ်တွင် ရွှံ့နွံများစီးကျပြီး လူနေအိမ် (၅၀) နစ်မြုပ်၍ နေအိမ် (၆) လုံး ဆုံးရူံးသွားကြောင်း သိရသည်။

 

ယနေ့မတ်လ ၂၁ ရက် နံနက် ၈ နာရီအချိန်တွင် နွံကန်ပေါက်ကျမှုကြောင့် လမ်းမပေါ်ရှိ ရွှံ့နွံများကို  ဘက်ဟိုးများဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး ရွှံ့နွံများကို ဖယ်ရှားဆောင်ရွက် နေကြောင်း သိရသည်။

 

“မနက် ၈ နာရီက နေအိမ် ၅၀ ကျော်အာက်ခြေတွေနစ်တယ်။ ၆ လုံးပါတယ်။ စိုးရိမ်စရာတော့မရှိဘူး။ ခုညနေခင်းတော့ မစီးတော့ဘူး။ လူတွေသေဆုံးမှုမရှိဘူး” လို့ ဖားကန့်မြို့တွင် နေထိုင်သူတစ်ဦးမှ People Media သို့ဖြေကြားသည်။

 

အလားတူ ဇန်နဝါရီလ ၁၃ ရက် နံနက် ၁ နာရီကျော်တွင် ဖားကန့်မြို့၊ ဆိပ်မှုကျေးရွာအုပ်စု၊ စပေါ့ကျေးရွာတွင် KIA အဖွဲ့ဝင်များ ကျောက်စိမ်းတူးဖော်သည့် နွံကန်ပြိုကျမှုကြောင့် လူနေအိမ်များ ဆုံးရူံးသလို သေဆုံးသူ ကလေးရုပ်အလောင်းအပါအဝင် စုစုပေါင်းအလောင်း (၂၀) ရှာဖွေတွေ့ရှိခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။

 

#PeopleMedia


Share this post