ဖားကန့်မြို့တွင် KIA/PDF (၁၀) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

PUBLISHED - September 29, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ နန့်တိန်းကျေးရွာအနီးတွင် KIA/PDF အလောင်း (၁၀) လောင်းနှင့် အတူ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။
စက်တင်ဘာလ ၂၈ ရက်နေ့တွင် နန့်တိန်းကျေးရွာအနီး KIA/PDF များမှ အရပ်ဝတ်ဖြင့် နန့်တိန်းကျေးရွာအနီးရှိ အများပြည်သူများသွားလာသည့် လမ်းမကို KIA/PDF များမှ မိုင်းထောင်နေစဉ် လုံခြုံရေးတပ်ဖွဲ့မှ ဒရုန်းဖြင့် ကင်းထောက်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်ရာတွင် KIA/PDF အလောင်း (၁၀) လောင်း၊ ၎င်းတို့ကိုင်ဆောင်သည့် သေနတ် ၅ လက်၊ ကျည် အိမ် ၇ ခု၊ ကျည် ၆၀ တောင့်၊ ဗုံးသီး ၆ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ ယူနီဖောင်း ၁ စုံ၊ ကျောပိုးအိတ် ၁ လုံး၊ စကားပြောစက် ၁ လုံးနှင့် အားသွင်းခုံ ၁ ခု တို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia