• Follow Us on

Home ဖားကန့်မြို့နယ်ဘက်မှ သယ်ဆောင်လာသည့် သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

ဖားကန့်မြို့နယ်ဘက်မှ သယ်ဆောင်လာသည့် သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

Share this post

ဖားကန့်၊ ဩဂုတ် ၈

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လယ်ပြင်စုပေါင်းဂိတ်အကျော် တပ်စခန်းအနီးတွင် ဩဂုတ်လ (၅) ရက်နေ့က ဖားကန့်ဘက်မှ သယ်ဆောင်လာသည့် သေနတ်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

 

ဖားကန့်မြို့မှ တန့်ဆည်မြို့သို့ သွားရန်မောင်းနှင်လာသည့် AD Van အဖြူရောင်ကားအား လယ်ပြင်စုပေါင်းဂိတ် အကျော် တပ်စခန်းအနီးတွင် သတင်းအရ အသင့်စောင့်ဆိုင်းနေသည့် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များက စစ် ဆေးရှာဖွေခဲ့ရာ အမ်(၂၂) သေနတ်နှင့်အတူ ကျည်ဆန်များဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ဖားကန့်ကနေ တန့်ဆည်ဘက်ကို ပို့မယ့် သေနတ်နဲ့ ကျည်တွေကို စုပေါင်းတပ်စခန်းမှာ ဖမ်းဆီးရမိခဲ့တယ်။ အမ်၂၂ သေနတ်တစ်လတ်နဲ့ ကျည်အထောင့် ၅၀၀ နီးပါးလောက်ကို ကားဂီယာဘောက်အတွင်းထဲမှာ ထည့်ခဲ့ တာ။ သတင်းအရ စစ်ဆေးလိုက်တာ အကုန်သိမ်းဆည်းရမိတာဖြစ်တယ်” ဟု လယ်ပြင်ဒေသခံတစ်ဦးက ပြော သည်။

 

အဆိုပါ သေနတ်နှင့် ကျည်ဆန်များကို ဖားကန့် – ကာမိုင်းလမ်းပိုင်းကို အသုံးပြု၍ တန့်ဆည်မြို့သို့ ပေးပို့ရန် သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းသေနတ်နှင့် ကျည်ဆန်များကို မဆွပ်ယန်ကျေးရွာမှ အမည်မသိအမျိုးသား တစ်ဦး ထည့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖားကန့်မြို့နယ်အတွင်းမှ သယ်ဆောင်လာသည့် ကျောက်စိမ်းရိုင်းတုံးများ၊ သေနတ်၊ ကျည်ဆန်များအပါအဝင် တိုမီတာဖောက်ခွဲရေးပစ္စည်းများကို ပြီးခဲ့သည့်လပိုင်းများက နန်စီးအောင်စုပေါင်းဂိတ်တို့တွင် မကြာခဏ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

 

မြတ်မင်း(EPN)

 

#PeopleMedia


Share this post