ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကျေးတာဝန်ခံများ ယခုနှစ်အတွင်း ၇ ဦးခန့် တရားဝင် နုတ်ထွက်လာ
PUBLISHED - August 9, 2023
ဖားကန့်၊ ဩဂုတ် ၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကျေးတာဝန်ခံ အများစုသည် KIA လက်နက်ကိုင်အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ယခုနှစ်အတွင်း (၇) ဦးခန့် တရားဝင် နုတ်ထွက်စာများ တင်လာကြောင်း သိရသည်။
ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကျေးတာဝန်ခံများကို KIA လက်အောက်ခံ PDF အဖွဲ့မှ ပြန်ပေးဆွဲခြင်း၊ သတ် ဖြတ်ခြင်း၊ ငွေကြေးခြိမ်းခြောက်ကောက်ခံခြင်းများ ပြုလုပ်မှုများလာသည့်အတွက် ရပ်ကျေးတာဝန်ခံများ တရား ဝင်နုတ်ထွက်မှုများလာခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
“အဓိက ပြဿနာက ရပ်ကျေးတွေက စစ်တပ်နဲ့ ပေါင်းတယ်။ အဆက်သွယ်ရှိတယ်ဆိုတဲ့ အယူအဆနဲ့ ရပ် ကျေးတွေကို ပစ်မှတ်ထားသတ်ဖြတ်တာတွေ၊ ငွေကြေးပေးရန် ခြိမ်းခြောက်တာတွေ လုပ်လာတော့ ဘယ်ရပ် ကျေးတာခံတွေမှ မလုပ်ကြတော့ဘူး။ တစ်ယောက်ပြီး တစ်ယောက် ထွက်စာတင်လာကြတယ်” ဟု နမ္မဖြစ် ဒေသခံတစ်ဦးက ရှင်းပြသည်။
အဆိုပါ ရပ်ကျေးတာဝန်ခံများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် နုတ်ထွက်စာ တင်ကာ ရပ်ကျေးတာဝန်ခံများ မရှိတော့သည့်အတွက် ရပ်ကွက်၊ ကျေးရွာတို့တွင် မင်းမဲ့စရိုက်ဆန်ဆန် ပြု လုပ်လာကြောင်း ဖားကန့်မြို့ခံတစ်ဦးက ထည့်သွင်းပြောဆိုသည်။
“ခြိမ်းခြောက်၊ သတ်ဖြတ်၊ ပြန်ပေးဆွဲတွေ လုပ်လာတော့ ရပ်ကျေးတာခံတွေလည်း ကြောက်လို့ ထွက်ကြ တာပေါ့။ အဲ့လိုထွက်တော့ ရပ်ကွက်မှာ လိုအပ်ချက်တွေ ရှိလာတော့ ဘယ်သူ့သွား အကူညီတောင်းရမလဲ။ မင်းမဲ့စရိုက်ဆန်ဆန် ပြဿနာတွေ အများကြီးဖြစ်နေတာ ရပ်ကွက်ကသူတွေ သိတယ်။ ဒီလိုပဲ အန္တရာယ် ကင်းအောင် ကိုယ့်ဟာကို ရှောင်နေရတယ်” ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ရပ်ကျေးတာဝန်ခံများ တရားဝင်နုတ်ထွက်စာ တင်လာခြင်းကြောင့် ရပ်ကျေးတာခံ အသစ်ပြန်လည်လုပ်ကိုင်ရန် ခန့်အပ်လိုက်သည့် တာဝန်ခံများမရှိခြင်း၊ ရပ်မိရပ်ဖတို့သည်လည်း အလာတူ သတ်ဖြတ်ဖမ်းဆီးခံရမည်ကို စိုးရိမ်မှုရှိနေ၍ ရပ်ကျေး သာရေး၊ နာရေး ကိစ္စများတို့တွင်လည်း ပါဝင်ပတ်သတ်မှု နည်းပါးလာကြောင်း သိ ရသည်။
ဖားကန့်မြို့နယ်၌ ယခုနှစ်အတွင်း ရပ်ကျေးတာဝန်ခံများကို လုပ်ကြံသတ်ဖြတ်မှုများအပြင် ဖမ်းဆီးငွေကြေး တောင်းခံခြင်းတို့ကြောင့် ရပ်ကျေးတာဝန်မှ တရားဝင်စာတင်နုတ်ထွက်သူ (၇) ဦးခန့် ရှိနေကြောင်း သိရပြီး၊ ရပ်ကျေးတာဝန်ခံတချို့လည်း သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပိုင်ကြီး
#PeopleMedia