• Follow Us on
Latest News

Home ဖားကန့်မြို့နယ်၊ နတ်ရေတောင်ရွာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၂) နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံး

ဖားကန့်မြို့နယ်၊ နတ်ရေတောင်ရွာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၂) နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံး

Share this post

ဖားကန့်၊ အောက်တိုဘာ ၁၉

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံ ကျေးရွာအုပ်စု နတ်ရေတောင်ရွာအနီး ယမန်နေ့ အောက်တိုဘာလ (၁၈) ရက်နေ့ ညနေ (၅) နာရီခန့်က ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၂) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 

အဆိုပါ ကလေးငယ်မှာ ညနေဘက် ရေချိုးရန် ရေချိုးဆိပ်သို့သွားရောက်ခဲ့ပြီး ယင်းရေချိုးဆိပ်အနီးမှာ လက် နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကာ ကလေးငယ်တွင် လက်နက်ကြီးကျည်အစများ ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောပြသည်။

 

“ကလေးမလေးက ရေချိုးဖို့ ကျေးရွာသုံး ရေချိုးဆိပ်ကို သွားချိုးတာ၊ အနီးမှာလဲ တိုက်ပွဲဖြစ်တယ်လို့မကြားမိ ဘူး၊ လက်နက်ကြီးတွေ ရွာထဲကို ကျလာတာ နှစ်လုံးကျတယ်၊ တစ်လုံးက အဲ့ကလေးနားကျတော့ လက် နက်ကြီးကျည် အစတွေ ထိသွားတာ၊ ကလေးရဲ့ ဦးခေါင်း၊ တင်ပါးနဲ့ လက်မှာလဲ ထိခိုက်ဒက်ရာတွေတွေ့ရ တယ်၊ ဘယ်ဘက်က ပစ်ခတ်လဲတော့မသိဘူး၊ တိုက်ပွဲတွေဖြစ်လဲ ကြားက ဒီလို ဒေသခံတွေပဲ ထိခိုက်ခံနေရ တယ်၊ ကျေးရွာအနီးတွေမှာ တိုက်ပွဲတွေ မဖြစ်ရင်ကောင်းမယ်” ဟု ၎င်းက ပြောသည်။

 

အဆိုပါ သေဆုံးသူ မိန်းကလေးငယ်မှာ အသက် (၁၂) နှစ်အရွယ် မသဲစုမွန် ဆိုသူဖြစ်ကာ ဦးခေါင်း ထိမှန် ဒဏ်ရာ (၁)ချက်၊ တင်ပါး လက်နက်ကြီးကျည်အစ ထိခိုက်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာ (၁)ချက်ဖြင့် ရွှေပြည်သစ် ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ အောက်တိုဘာလ (၁၄) ရက်နေ့ကလည်း ကားမိုင်းနှင့် နန့်ယားကြား မအူပင်ကျေးရွာ ရေကာတာ အနီး ကားလမ်းမပေါ်တွင် တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကားလမ်းများ ယာယီရပ်နားခဲ့ရပြီး ခရီးသွားပြည်သူများ အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

 

သတင်း – ဗညားနွဲ့

 

ဓါတ်ပုံ – ကလေးငယ်၏ ဓါတ်မှန် မှတ်တမ်းအချို့

 

#PeopleMedia #EPN


Share this post