• Follow Us on

Home ဖားကန့်မြို့နယ် ဆန်းကြွယ်ကူးတို့ဆိပ်တွင် လူငယ် ၂ ဦး ရေချိုးရာမှ ရေနှစ်ပျောက်ဆုံး

ဖားကန့်မြို့နယ် ဆန်းကြွယ်ကူးတို့ဆိပ်တွင် လူငယ် ၂ ဦး ရေချိုးရာမှ ရေနှစ်ပျောက်ဆုံး

Share this post

နေပြည်တော်၊ ဇွန် ၂၆

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာ၊ ဥရုချောင်း ဆန်းကြွယ်ကူးတို့ဆိပ်တွင် ဇွန်လ ၂၅ ရက် ညနေပိုင်းအချိန်တွင် လူငယ် ၂ ဦး ရေချိုးရာမှ ရေနှစ်ပျောက်ဆုံးသွားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ ဖားကန့်မြို့နယ်ရုံးမှ သိရသည်။

 

“မနေ့က ညနေပိုင်း ၃ နာရီလောက်ပေါ့။ လှေပေါ်ကနေမှ ၁၈နှစ်ကလေးတစ်ဦးက ရေဆင်းချိုးတာ သူက နစ်သွားတော့ နောက်က ၁၄နှစ် ကလေးကလည်း ဆင်းဆယ်တာ။ ပထမတစ်ကြိမ်ရေပေါ်မှာ နှစ်ယောက်သား ပေါ်လာသေးတယ်။ နောက်တစ်ကြိမ် ပြန်မြှုပ်သွားတော့မှ ပေါ်လာတော့တာ။ ကျွန်တော်တို့လည်း ရှာတာ ရေစီးကလည်း သန်တော့ ရှာဖွေကယ်ဆယ်ရေးလုပ်တာလည်း အခက်အခဲရှိတယ် အဲ့ဒါကြောင့် မတွေ့တာ” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်မြို့နယ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရေနစ်သူ ၂ ဦးမှာ ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာနေ မောင်မြင့်မိုးအောင် အသက် ၁၈နှစ်နှင့် မောင်စွမ်း သက်ပိုင်(ခ)တာတီး အသက် ၁၄နှစ်ဖြစ်ကြောင်း  မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်မြို့နယ်ရုံးမှ ယနေ့ မွန်းလွဲပိုင်းအချိန်ထိ ကူညီရှာဖွေပေးခဲ့သော်လည်း မတွေ့ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post