• Follow Us on

Home ဖားကန့်မြို့နယ် မနမှော်တွင် မြေပြိုကျမှုကြောင့် ရေနေစ်မြုပ်သူများအနက်မှ သေဆုံးရုပ်အလောင်း ၃၂ လောင်းအထိ ရှာဖွေတွေ့ရှိ

ဖားကန့်မြို့နယ် မနမှော်တွင် မြေပြိုကျမှုကြောင့် ရေနေစ်မြုပ်သူများအနက်မှ သေဆုံးရုပ်အလောင်း ၃၂ လောင်းအထိ ရှာဖွေတွေ့ရှိ

Share this post

နေပြည်တော်၊ ဩဂုတ် ၁၆

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြိုနယ်၊ အေးမြသာယာရပ်ကွက်၊ မန‌မှော်ရှိ မျိုးနွယ်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်တွင် မြေပြိုကျခဲ့မှုကြောင့် ရေကန်အတွင်း ရေမျောနစ်မြုပ်ပျောက်ဆုံးနေသူများ အနက်မှ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် သေဆုံးရုပ်အလောင်း ၇ လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ရေကန်အတွင်း ရေမျောနစ်မြုပ်ပျောက်ဆုံးနေသော သူများအား လူမှုရေး အသင်းများမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၅ ရက်က သေဆုံးသူရုပ်အလောင်း ၂၅ လောင်း‌တွေ့ရှိပြီး ယနေ့ နံနက်မှ မွန်းတည့် ၁၂ နာရီအထိ သေဆုံးရုပ်အလောင်း ၇ လောင်း ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ၃၂ လောင်းအား ရှာဖွေဆယ်ယူထားနိုင်ခဲ့ကြောင်း သိရသည်။

 

ပျောက်ဆုံးသူများ ရှိနေသေးသည့်အတွက် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အဆိုပါ မြေပြိုကျမှုသည် ဩဂုတ်လ ၁၃ ရက်၊ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post