• Follow Us on
Latest News

Home ဖားကန့်မြို့ရှိ ကြံ့ခိုင်ရေးရုံးဟောင်း မီးရှို့ဖျက်စီးခံရ

ဖားကန့်မြို့ရှိ ကြံ့ခိုင်ရေးရုံးဟောင်း မီးရှို့ဖျက်စီးခံရ

Share this post

မြစ်ကြီးနား၊ ဇူလိုင် ၃၁

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မရှိကထောင်ရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံးဟောင်းသည် ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်နေ့)၊ ည ၈ နာရီခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါ ကြံ့ခိုင်ရေးရုံးအဟောင်းမှာ လူနေထိုင်းခြင်းမရှိဘဲ၊ အလွတ်ထားထားသည်မှာ တစ်နှစ်ကျော်  ကြာမြင့် နေပြီဖြစ်ကြောင်း မရှိကထောင်ရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

 

“ရုံးက အရင်က ကြံ့ခိုင်ရေးရုံးအဟောင်း။ အခုကလူမနေဘူး။ ပစ္စည်းတွေလဲ ဘာမှမရှိဘူး။ လူနှစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ရှို့သွားတာလို့သိရတယ်” ဟု ၎င်းကပြောသည်။

 

လူငယ်အရွယ် အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်နှင့် လာရောက်ကာ မီးပုလင်းဟု ယူဆရသည့် အရာဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

ပန်ပန်(EPN)

 

#PeopleMedia


Share this post