• Follow Us on
Latest News

Home ဖားကန့်မြို့ရှိ နတ်မိမယ် အနှိပ်ခန်းသို့လာသည့် အမျိုးသား သုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်

ဖားကန့်မြို့ရှိ နတ်မိမယ် အနှိပ်ခန်းသို့လာသည့် အမျိုးသား သုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်

Share this post

မြစ်ကြီးနား၊ စက်တင်ဘာ ၁၂

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ရှန်ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီခွဲ အချိန်က နတ်မိမယ် အနှိပ်ခန်းသို့ လာရောက်သူ အမျိုးသား ၃ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ က ဖမ်းဆီးခေါ်ဆောင်သည်ဟု ဒေသခံများထံမှ သိရသည်။

 

ယင်း လက်နက်ကိုင်အဖွဲ့သည် ကား ၃ စီးနှင့် ဆိုင်ကယ် ၄ စီးခန့်ဖြင့် ရောက်ရှိလာပြီး နတ်မိမယ် အနှိပ်ခန်းသို့ ရောက်ရှိနေသည့် အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

 

“ညဘက်ကြီး လက်နက်တွေ ကိုယ်စီကိုင်ပြီး ကားတွေ ဆိုင်ကယ်တွေနဲ့ရောက်လာကြတာ၊ အဲ့ဒီဆိုင်ကိုလာတဲ့ အမျိုးသား ၃ ယောက်ကို ဖမ်းသွားတာ၊ အပြန် သေနတ်တွေလဲဖောက်သွားကြတယ်” ဟု ၎င်းကပြောသည်။

 

အဆိုပါ လက်နက်ကိုင်အဖွဲ့သည် လူဦးရေ ၂၀ ခန့် ပါဝင်ပြီး လူ ၃ ဦးကို ဖမ်းစီးကာ သေနတ်များ ပစ်ဖောက်ခဲ့ သဖြင့် ယင်းပတ်ဝန်းကျင် နေထိုင်သူများအနေဖြင့် အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

 

“အခု ဖားကန့်မှာက နယ်မြေလုံခြုံမှုက စိုးရိမ်ရတယ်၊ ညဘက်အပြင်ထွက်ရင် ခိုးဆိုးလုနှိုက်ခံရမှာကို ကြောက်ရ တယ်၊ တစ်ရက်ပြီး တစ်ရက်လဲ ဓားပြတိုက်၊ လုယက်တာတွေ တွေ့မြင်နေရတယ်၊ အဲ့ဒီလိုကြားထဲ လက်နက် ကိုင်အဖွဲ့တွေက ခြောက်လှ့န်ပစ်ခတ်တာတွေလုပ်တော့ ဒေသခံပြည်သူတွေကကြောက်လန့်နေရတယ်။” ဟု ၎င်းက ပြောပြသည်။

 

အလားတူ ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်သည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျက်ရှိကာ သြဂုတ်လ ၂ ရက်နေ့ကလည်း မော်ဝမ်း ရပ်ကွက်ရှိ ဆေးခန်းတစ်ခန်းမှ ဆရာဝန်ကြီးတစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားကြောင်း သိရ သည်။

 

ဗညားနွဲ့(EPN)

 

#PeopleMedia


Share this post