ဖားကန့်မြို့ရှိ “မိုးရတနာရွှေပန်းတိမ်” ဆိုင် ဓားပြတိုက်ခံရ၍ သိန်းခြောက်ထောင်နီးပါး ပါသွား

PUBLISHED - October 6, 2023
နေပြည်တော်၊ အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ “မိုးရတနာရွှေပန်းတိမ်” ဆိုင် ဓားပြတိုက်ခံရ၍ သိန်းခြောက်ထောင်နီးပါး ပါသွားကြောင်း သိရသည်။
အောက်တိုဘာလ ၅ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် အသက် (၂၅) နှစ်ဝန်း ကျင်ရှိသည့် အမျိုးသား (၄) ဦးမှ သေနတ်များဖြင့် “မိုးရတနာရွှေပန်းတိမ်” ဆိုင်သို့ ရောက်ရှိလာပြီး ဆိုင်တွင်းရှိ မှန်ဘောင်များအား ရိုက်ခွဲပြီး ရွှေထည်တွေအပြင် ရွှေအပ်ထားသည့် ရွှေထည်များလည်း ဓားပြတိုက်သွား ကြောင်း သိရသည်။
ထိုဓားပြတိုက်ခံရသည့် “မိုးရတနာရွှေပန်းတိမ်” ဆိုင်မှာ ကျောက်မျက်လုပ်ငန်းများလည်းလုပ်ကိုင်သည့် ဆိုင် ဖြစ်ကြောင်း၊ ဓားပြတိုက်ခံရမှုကြောင့် သိန်းခြောက်ထောင်နီးပါး ပါသွားကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၅ ရက်နေ့၌ ဖားကန့်မြို့တွင် မော်တော်ဆိုင်ကယ်အား ဆီဖြည့်နေသည့် အမျိုး သားနှင့် အာလူးကျော်မုန့်များအား လိုက်ပို့သည့် အမျိုးသားလည်း သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံး သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
Photo – Credit
#PeopleMedia