• Follow Us on

Home ဖားကန့်မြို့ရှိ အမှိုက်ပုံနားတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

ဖားကန့်မြို့ရှိ အမှိုက်ပုံနားတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ မရှီကထောင်၊ ကြိုးတံတားထိပ် အမှိုက်ပုံနားတွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက် ည ၇ နာရီခန့်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရကြောင်း သိရ သည်။

 

ထိုပစ်ခတ်ခံရသည့် အမျိုးသားမှာ ဆန်းရီဖြစ်ကြောင်း၊ ၎င်းမှာ မည်သည့်အတွက်ကြောင့် သတ်ဖြတ်သွား သည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

 

အလားတူ ဖားကန့်မြို့တွင် ဆိုင်းတောင်စန်းသီတာကုန်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျည်ကျေ ရာက်ပေါက်ကွဲမှုကြောင့် ပြည်သူ (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့တွင် အချဉ်ပေါင်းရောင်းသည့် အမျိုးသား တစ်ဦးကို KIA/PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post