• Follow Us on
Latest News

Home ဖားကန့်မြို့၊ မြို့မရပ်ကွက်တွင် လူနေအိမ်များအနီး ကျောက်စိမ်းတူးဖော်မှုကြောင့် တွင်းရေများ ခမ်းခြောက်လာ

ဖားကန့်မြို့၊ မြို့မရပ်ကွက်တွင် လူနေအိမ်များအနီး ကျောက်စိမ်းတူးဖော်မှုကြောင့် တွင်းရေများ ခမ်းခြောက်လာ

Share this post

မြစ်ကြီးနား၊ မေ ၆

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မြို့မကျောက်ဝိုင်းရပ်ကွက်တွင် လူနေအိမ်များအနီး ကျောက်စိမ်းတူးဖော်နေမှု ကြောင့် တွင်းရေများ ခမ်းခြောက်ကာ ဒေသခံများ သုံးရေခက်ခဲမှုများဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံများ ထံမှ သိရသည်။

 

ကျောက်စိမ်းလုပ်ကွက်မှ စွန့်ထုတ်လိုက်သည့် ရေများကြောင့် အနီးရှိ ရပ်ကွက်များမှ တွင်းရေ၊ ဘုံဘိုင်ရေများ ခမ်းခြောက်ကာ ရေသုံးစွဲရာတွင် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

“ဘယ်တော့မှ တွင်းရေတွေက ပြတ်တယ်လို့ မရှိခဲ့ဘူး။ ဒီနှစ်မှစပြီး ရေပြတ်တာကြုံရတယ်။ ကျောက်စိမ်း လုပ်ကွက်က ရပ်ကွက်ဘေးမှာဘဲလုပ်တော့ ရေကြောနဲ့ ကွက်တိဖြစ်သွားတယ်လို့ယူဆရတယ်။ တစ်လ လောက်ရှိနေပြီ။ တွင်းရေတွေက ခမ်းသွားတာ။ အရင်က ပုံမှန်သုံးနေတဲ့ ရေတွင်းတွေမရှိတော့ ဒီက ဒေသခံ တွေက အခက်အခဲတွေနဲ့ ကြုံနေရတယ်” ဟု ၎င်းကပြောသည်။

 

အဆိုပါ ကျောက်စိမ်းလုပ်ကွက်မှာ ဆောက်လုပ်ရေးလုပ်မည်ဟုဆိုကာ ကျောက်စိမ်းများ တူဖော်နေပြီး ခန့်မှန်း (၃)လကျော် ကြာမြင့်နေပြီဖြစ်ကာ ယင်းကဲ့သို့ စက်ယန္တရားများဖြင့် တူးဖော်နေမှုကြောင့် အနီးရှိ နေအိမ်၊ ရေချိုး ခန်း၊ အိမ်သာ စသည့် အဆောက်အအုံများမှာလည်း အက်ကွဲရာများ ဖြစ်ပေါ်နေကြောင်း သိရသည်။

 

ဗညားနွဲ့

 

#PeopleMedia


Share this post