ဖားကန့်မြို့ Green City KTV မန်နေဂျာ ပစ်သတ်ခံရ၍ သေဆုံး
PUBLISHED - August 18, 2023
နေပြည်တော်၊ ဩဂုတ် ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာ ရပ်ကွက် ၁ ရှိ Green City KTV မန်နေဂျာ ယမန်နေ့ ည ၁၀ နာရီ ဝန်းကျင်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။
Green City KTV မန်နေဂျာ အသက် ၅၀ နှစ်သည် ဆိုင်၌ရှိနေစဉ် အမည်မသိ အမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခဲ့သဖြင့် ဆိုင်မန်နေဂျာမှာ ကျန်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရ ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား ဖားကန့်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
#PeopleMedia