• Follow Us on

Home ဖားကန့်မှ တန့်ဆည်သို့သွားသည့် ကားပေါ်မှ ကျည်ဆံများနှင့် ၄၀ မမ ဗုံးသီးများ ဖမ်းဆီးရမိ

ဖားကန့်မှ တန့်ဆည်သို့သွားသည့် ကားပေါ်မှ ကျည်ဆံများနှင့် ၄၀ မမ ဗုံးသီးများ ဖမ်းဆီးရမိ

Share this post

မြစ်ကြီးနား၊ အောက်တိုဘာ ၁၉

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့် တွင် ဖားကန့်မှ တန့်ဆည်သို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်တစ်စီးအတွင်းမှ ကျည်ဆံများနှင့် ၄၀ မမ ဗုံးသီး များ ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့က ဖားကန့်မှ တန့်ဆည်သို့ ပြေးဆွဲနေသည့် AD Van အမျိုးအစား ကားတစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေစဉ် ကားပေါ်ပါရှိသည့် မျှစ်ချဉ်ပုံးအတွင်းမှ ကျည်ဆံများနှင့် ဗုံးသီးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

“ဂိတ်တာဝန်ကျ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက လူ/ယာဉ် ဝင်ထွက်သွားလာမှု အားလုံးကို စစ်ဆေးရှာဖွေ နေစဉ်မှာ ဖားကန့် – တန့်ဆည် ပြေးဆွဲတဲ့ ယာဉ်မောင်း စိုးသီဟရဲ့ကားမှာ လိုက်ပါလာတဲ့ မြတ်မင်းထွန်း၊ ၂၃ နှစ် တန့်ဆည်မြို့နယ်၊ သပြေရင်းကျေးရွာ နေထိုင်သူရဲ့ မျှစ်ချဉ်ပုံးအတွင်း ထည့်လာတဲ့  KIA ထုတ် ၇.၆၂ ကျည် (၃၁၁) တောင့် ၊ ၅.၅၆ ကျည် (၇၁) တောင့်နဲ့ ၄၀ မမ ဗုံးသီး (၉) လုံးတို့ကို သိမ်းဆည်း ရမိခဲ့တာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

 

ဖမ်းဆီးခံရသူ မြတ်မင်းထွန်း ဆိုသူမှ ၎င်းသည် တန့်ဆည်မြို့သို့ ပြန်ရန် မိုးကောင်းမြို့နယ်၊ မီးသွေးကုန်း ကျေးရွာနေ အသိမိတ်ဆွေဖြစ်သူ တစ်ဦး၏ နေအိမ်မှ လိုင်းကားဖြင့် လိုက်ပါစီးနင်းခဲ့ပြီး အသိမိတ်ဆွေ ပါး လိုက်သည့် မျှစ်ချဉ်ပုံး ၂ ပုံး အတွင်း ခဲယမ်းများ ပါရှိခြင်း ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားကြောင်း သိရ သည်။

 

တာဝန်ရှိသူများက မြတ်မင်းထွန်းနှင့် ယာဉ်မောင်း စိုးသီဟတို့အား ဖမ်းဆီးထိန်းသိမ်းကာ ကွင်းဆက်တရားခံ များ ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပိုင်ကြီး

 

ဓါတ်ပုံ – Oo Sitt

 

#PeopleMedia


Share this post