• Follow Us on

Home ဖားကန့် ကသိုဏ်းတောင် တပ်စခန်းအား တပ်မတော်မှ ပြန်လည်တိုက်ခိုက် KIA အထိနာနေ

ဖားကန့် ကသိုဏ်းတောင် တပ်စခန်းအား တပ်မတော်မှ ပြန်လည်တိုက်ခိုက် KIA အထိနာနေ

Share this post

ဖားကန့်၊ ဩဂုတ် ၈

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်နှင့် တာမခံကြားရှိ ကသိုဏ်းတောင် တပ်စခန်းအား တပ်မတော်မှ ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KIA၊ PDF ပူးပေါင်းအဖွဲ့ အထိနာခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

 

ကသိုဏ်းတောင် တပ်စခန်းကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဩဂုတ်လ ၇ ရက်နေ့က လူအင်အား အလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်တွင် တပ်မတော်မှ ပြန်လည် တိုက်ခိုက်ခဲ့၍ KIA၊ PDF ထိခိုက်မှုများနေကြောင်း မြေပြင်သတင်း ရင်းမြစ်က ဆိုသည်။

 

“လေယာဉ် နှစ်စီးနဲ့ လာဗုံးကြဲတာ မထိပဲနေမလား ထိတာပေါ့။ တစ်စီးကို တစ်လုံးပဲချတာ လက်နက်ကြီး ပစ်ကူငါးလုံး။ လက်နက်ငယ်နဲ့တော့ မပစ်ဘူး။ အခု KIA၊ PDF တွေ ကောင်းကောင်းမနေရဲတော့ဘူး” ဟု ၎င်းကပြောသည်။

 

တပ်မတော်မှ ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲခဲ့ရာ KIA၊ PDF များ အထိနာ၍ ဝေခါအနောက်လမ်းမှ ၎င်းတို့၏ တပ်ရင်းဌာနသို့ လူနာများ ဆေးကုသရန် ကားများဖြင့် သယ်ပို့နေရကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် တပ်မတော်မှ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ကူပေးခြင် အဆင့်သာ ပြုလုပ်နေခြင်းဖြစ်ပြီး၊ ကသိုဏ်းတောင် စခန်းကုန်းအား ပြန်လည်ရယူခြင်း မရှိသေးကြောင်း သိရသည်။

 

KIA၊ PDF အဖွဲ့မှ ဖားကန့်မြို့နယ်အတွင်း လူအင်အားနည်းသည့် စခန်းကုန်းနှင့် တံတားလုံခြုံရေးစောင့် ရဲတပ်ဖွဲ့များကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပိုင်ကြီး

 

#PeopleMedia


Share this post