• Follow Us on

Home ဖားကန့်မြို့က KTV တစ်ဆိုင် မီးလောင် ကျပ်သိန်းခြောက်ဆယ်ကျော်ဆုံးရှုံး

ဖားကန့်မြို့က KTV တစ်ဆိုင် မီးလောင် ကျပ်သိန်းခြောက်ဆယ်ကျော်ဆုံးရှုံး

Share this post

EPN

ဖားကန့်၊ စက်တင်ဘာ ၁၀

 

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ယူမာကျေးရွာရှိ Jade Palace KTV တွင် ယနေ့နံနက် (၉း၀၀)နာရီ အချိန်ခန့်က အဆိုပါဆိုင်၏ ပစ္စည်းသိုလှောင်ခန်းအား လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွါးခဲ့ ကျပ်သိန်းခြောက်ဆယ်ကျော် ဆုံးရှုံးခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် Jade Palace KTV ဆိုင်၏ အပေါ်ထပ် အလျား(၇၀)ပေ၊ အနံ(၃၀)ပေရှိ သွပ်မိုးနှင့်ပရိဘောဂ ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ပြီး၊ ဆုံးရှုံးမှု တန်ဖိုးမှာ (၆၅၀၀၀၀၀) ခန့်ရှိပြီး၊ လူနှင့် တိရစ္ဆာန် ထိခိုက်/ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

 

“မနက်ကိုးနာရီလောက်မှာ မီးစလောင်ပါတယ်၊ ကိုးနာရီခွဲအချိန်မှာ မီးညွန့်ကြိုးသွားခဲ့ပါတယ်။ ဆိုင်ဝန်ထမ်းတွေက မီးသတ်ဆေးဗူးတွေနဲ့ ငြိမ်းသတ်ခဲ့ပေမဲ့ မရခဲ့ဘဲ လောင်ကျွမ်းမှုအားများလာတဲ့ အတွက် ဖားကန့်မြို့မှာရှိတဲ့ မီးသတ်ယာဉ် (၁၀) စီး၊ ရေသယ်ယာဉ်(၃)စီး၊ မီးသတ်အင်အား (၁၉၂)ဦး စုပေါင်း မီးငြိမ်းသတ်ခဲ့ရတယ်”ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ခံ ဦးကျော်ဝင်းဆွေက ပြောသည်။

 

ယင်းမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်မန်နေဂျာ ဦးရန်မျိုးအောင်(၃၀)နှစ်၊(ဘ)ဦးအောင်ဝင်း အား မီးသတ် ဥပဒေပုဒ်မ-၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဟု ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။ မီးလောင်မှုဖြစ်ပွါးခဲ့သည့် Jade Palace KTV ဆိုင်အား ခေတ္တလုပ်ငန်းရပ်နားထားရန် ညွှန်ကြားထားပြီး ဘေးအန္တရာယ် လုံခြုံစိတ်ချရသည့် အနေအထားအထိ ပြုပြင်ဆောင်ရွက်ပြီးမှ သာလျင် သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထောက်ခံချက်ဖြင့် ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

နောင်ရိုး


Share this post