• Follow Us on

Home ဖားကန္႔ၿမိဳ႕တြင္ ျပည္ခိုင္ၿဖိဳးပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ သုံးခုဖ်က္စီးခံရ

ဖားကန္႔ၿမိဳ႕တြင္ ျပည္ခိုင္ၿဖိဳးပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ သုံးခုဖ်က္စီးခံရ

Share this post

ဖားကန္႔၊ စက္တင္ဘာ ၁၅

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ တာမခန္
ေက်းရြာ၊ ေဟာင္ပါးအုပ္စုတြင္ ေထာင္ထားေသာျပည္ခိုင္ၿဖိဳးပါတီ၏ ေရြးေကာက္ပြဲေအာင္ႏိုင္ေရး ဆိုင္းဘုတ္သုံးခုကို ဖ်က္ဆီးခံခဲ့ရသည္။

အဆိုပါ ေက်းရြာ၏ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ဆိုင္းဘုတ္ကို စက္ တင္ဘာလ ၁၄ရက္ေန႔က ပါတီေအာင္ႏိုင္ေရးအတြက္ တာမခန္ေက်းရြာတြင္ ပါတီဆိုင္ဘုတ္စိုက္ထူထားခဲ့တာျဖစ္ၿပီး ယင္းေန႔ညအခ်ိန္ တြင္ ဖ်က္ဆီးခံခဲ့ရသည္။

“ျပည္ခိုင္ၿဖိဳးပါတီ ဆိုင္းဘုတ္ကို ဖ်က္ဆီးလိုက္ လို႔ ကြၽန္ေတာ္တို႔က ဖ်က္ဆီးသြားတာမဟုတ္ ဘူး။ ဒါကအားေပးတာ ကြၽန္ေတာ္တို႔ကိုစိတ္ ဓာတ္က်ဖို႔မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ကိုဆက္လက္လုပ္ေဆာင္ဖို႔တြန္းအားေပးတယ္လို႔ပဲ ျမင္ပါတယ္” ဟု ဖားကန္႔ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးအင္ဖေရာင္းဂမ္ ကေျပာသည္။

အဆိုပါ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးဆိုင္းဘုတ္ ဖ်က္ဆီးခံရမႈႏွင့္ပတ္သက္ၿပီး တာမခန္ရဲစခန္းမွာ ျပည္သူ့လႊတ္ေတာ္ေရြးေကာက္ပြဲဥပေဒပုဒ္မ-၅၇ျဖင့္ အမႈဖြင့္ထားသည္။

ေကသီ(EPN)

#PeopleMedia #ဖားကန္႔ #USDP #2020election

(unicode)
ဖားကန့်မြို့တွင် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဆိုင်းဘုတ် သုံးခုဖျက်စီးခံရ
………………………………………………….

ဖားကန့်၊ စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်
ကျေးရွာ၊ ဟောင်ပါးအုပ်စုတွင် ထောင်ထားသောပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်သုံးခုကို ဖျက်ဆီးခံခဲ့ရသည်။

အဆိုပါ ကျေးရွာ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဆိုင်းဘုတ်ကို စက် တင်ဘာလ ၁၄ရက်နေ့က ပါတီအောင်နိုင်ရေးအတွက် တာမခန်ကျေးရွာတွင် ပါတီဆိုင်ဘုတ်စိုက်ထူထားခဲ့တာဖြစ်ပြီး ယင်းနေ့ညအချိန် တွင် ဖျက်ဆီးခံခဲ့ရသည်။

“ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်ကို ဖျက်ဆီးလိုက် လို့ ကျွန်တော်တို့က ဖျက်ဆီးသွားတာမဟုတ် ဘူး။ ဒါကအားပေးတာ ကျွန်တော်တို့ကိုစိတ် ဓာတ်ကျဖို့မဟုတ်ဘူး။ ကျွန်တော်တို့ကိုဆက်လက်လုပ်ဆောင်ဖို့တွန်းအားပေးတယ်လို့ပဲ မြင်ပါတယ်” ဟု ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ် ကပြောသည်။

အဆိုပါ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး တာမခန်ရဲစခန်းမှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၇ဖြင့် အမှုဖွင့်ထားသည်။

ကေသီ(EPN)

#PeopleMedia #ဖားကန့် #USDP #2020election


Share this post