
PUBLISHED - July 31, 2020
ပိုင်မှူး
#PeopleMedia #ဖားကန့်
[Unicode]
ဖားကန့်မြို့အဝင် ဆိုင်းဘုတ်အနီးတွင် ကျောက်စိမ်းအရိုင်းတုံး ထားရှိ
ဖားကန့်၊ ဇူလိုင် ၃၀(PeopleMedia)
ဖားကန့်မြို့အဝင် ဆိုင်းဘုတ် အနီးတွင် ကျောက်စိမ်းအရိုင်းတုံး အစစ်ကို ယနေ့ ဇူလိုင်လ ၃၀ ရက် နေ့က စတင်ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက်စိမ်းအရိုင်းတုံးသည် အလေးချိန် (၁)တန်ကျော်ခန့်ရှိပြီး၊ ဆန်ခါကျေးရွာမှ ဦးသိန်းဌေး မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ယင်းကျောက်စိမ်းအရိုင်းတုံး တင်သည့် ကလပ်ခုံအား စည်ပင်ကော်မတီ အဖွဲ့ဝင်များနှင့် အများပြည်သူ ထည့်ဝင်ငွေဖြင့် မတည်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပိုင်မှူး
#PeopleMedia #ဖားကန့်